[Unicode]
"တာ့မင် ငါမင်းကိုပြောထားတဲ့ အလောင်းစစ်ဆေးချက်ရပြီလား"
"ခေါင်းဆောင် သူတို့က မစစ်ပေးဘူးတဲ့၊ အပြင်ဒဏ်ရာလည်းမရှိတဲ့အပြင် သူတို့မိဘတွေရဲ့ တောင်းဆိုချက်လည်းမရှိတော့လေ”
ရှကျစ်ကွမ်းသည် အလိုမကျမှုကို ကျစ်စုတ်သံဖြင့်ဖော်ပြလိုက်ပြီး နစ်နာသူရဲ့ဓာတ်ပုံများကိုကြည့်ကာ စဥ်းစားနေသည်။ သူ့အနေနှင့် ဒီအမှုမှာ ရှော့တိုက်ရုံထက်ပိုသည်ဟု ယူဆမိသည်။ ပိုသေချာအောင် အဲ့အခန်းကို သွားကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ မင်္ဂလာပွဲနေ့ကလည်း အလုပ်ရှုပ်နေသဖြင့် သွားမကြည့်ဖြစ်လိုက်။ မင်္ဂလာပွဲဆိုတဲ့ အကြောင်းတွေးမိတော့မှ ထိုနေ့ကအဖြစ်အပျက်ကိုသတိရလာကာ ရှကျစ်ကွမ်းရဲ့ မျက်နှာထက်အပြုံးအကြီးကြီး ချိတ်ဆွဲလာသောကြောင့် တာ့မင်ကလည်း အကြောင်သားကြည့်နေမိသည်။
“ခေါင်းဆောင်?”
ခေါင်းဆောင်ကြည့်နေတာ အမှုဖြစ်တဲ့နေရာက ပုံတွေလေ။ ရယ်စရာက ဘယ်မှာလဲ။
တာ့မင်ရဲ့အသံကြားတော့မှ အပြုံးကိုပြန်ရုတ်သိမ်းလိုက်ကာ ကားသော့ကိုယူရင်း စခန်းထဲ မုန့်ထုပ်အပြည့်ဖြင့် ဝင်လာတဲ့ယွီချန်းကို လှမ်းပြောလိုက်သည်။
“ယွီချန်း ငါ တာ့မင်နဲ့ နစ်နာသူအခန်းကို တစ်ချက်သွားကြည့်မလို့၊ မင်း ငါဒီမှာရေးထားတဲ့ နေရာကို စုံထောက်လီနဲ့ တစ်ချက်သွားစုံစမ်းပေး”
“ခေါင်းဆောင် ကျွန်တော်လည်းလိုက်ရမှာလား”
“အင်း”
ယွီချန်းကလည်း ပါးစပ်ထဲကမုန့်ကို ဝါးရင်းခေါင်းတဆတ်ဆတ်ငြိမ့်ကာ လက်ခံလိုက်သည်။ တာ့မင်က သူ့အပေါ်ဝတ်ကိုထပ်ဝတ်လိုက်ပြီး စားပွဲပေါ်ကအအေးဘူးကို ယူကာ ယွီချန်းကိုသွားပေးလိုက်သည်။
“ရော့ မင်းဟိုနေ့ကသောက်ချင်တယ်ပြောတဲ့ဟာ”
“ရှဲရှဲ”
“မုန့်တွေပဲစားမနေနဲ့ဦး သေချာစုံစမ်းခဲ့”
“စိတ်ချစမ်းပါ မင်းကလည်း”
ပလုပ်ပလောင်းနဲ့ပြောနေတဲ့သူကို တာ့မင်ကြည့်ရင်း ခေါင်းခါလိုက်သည်။ ထို့နောက် ရှကျစ်ကွမ်းကိုလှမ်းပြောလိုက်သည်။
YOU ARE READING
You Are The Reason