5

184 20 5
                                    

[Unicode]

မျက်နှာကိုလာထိတဲ့နေရောင်နွေးနွေးအောက်မှာ ရှကျစ်ကွမ်းဟာ နိုးထလာခဲ့သည်။ ဘေးကိုကြည့်လိုက်တော့ သူ့ကိုကျောခိုင်းကာ အိပ်နေသည့် ဟွမ်ကျွင့်ကျယ်ကိုတွေ့လိုက်ရသည်။

*ရက်စက်လိုက်တာ သူများဘက်ကိုတောင် မျက်နှာမလှည့်ဘူး*

မတ်တပ်ထရပ်ကာ အကြောဆန့်လိုက်ပြီး အိပ်ချင်ပြေအောင် မျက်လုံးကိုပွတ်သပ်လိုက်သည်။ အဲ့အချိန်ထိတောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့အကို့ကို မနှိုးချင်သော်လည်း လမ်းကိုမသိတာကြောင့် အလိုလိုက်ချင်စိတ်ကို နောက်ထားကာ တစ်ဖက်လူ၏ ပခုံးလေးကိုလှုပ်ယမ်းလိုက်သည်။

“အကို အကို”

“အင်း.......မထချင်သေးဘူး”

ရှကျစ်ကွမ်းမှာ ငိုရခက် ရယ်ရခက်ဖြစ်သွားသည်။

“အကိုမထရင် ဘယ်လိုပြန်မှာလဲ အကိုရဲ့၊ ကျွန်တော်မှ ဘယ်သွားရမှန်းမသိတာ”

“မပြန်တော့ဘူး”

အိပ်ချင်နေတဲ့အကိုက သူ့ကိုယ်လေးကို ပိုလိုတောင်ကွေးလိုက်ပြီး ပုစွန်ထုပ်လေးအလား လုပ်နေသေးသည်။ ရှကျစ်ကွမ်းမှာ အသည်းယားသည့်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဖုန်းထုတ်ကာ မှတ်တမ်းတင်လိုက်သည်။ ထို့နောက် အကြံတစ်ခုစဥ်းစားမိပုံဖြင့် ပြုံးကာ ကျွင့်ကျယ်အနားကိုကပ်သွားသည်။

“ရတယ်လေ အကိုမထရင် ကျွန်တော်ပွေ့ချီသွားရုံပဲပေါ့ ချီသွားရမလား”

“ချီသွား”

သေချာပေါက်အနှီသူမှာ မိမိပြောလိုက်သည်ကို မစဥ်းစားနိုင်သေးပေ။ အိပ်ချင်စိတ်ကသာကြီးစိုးနေတာကြောင့် ပြီးပြီးရော ဖြေနေသည်။ ရှကျစ်ကွမ်းကလည်း ခွင့်ပြုချက်ရသည်နှင့် အပြုံးကြီးကြီးပြုံးလိုက်ကာ ထိုသူကို ပွေ့ကာ မတ်တပ်ရပ်လိုက်သည်။ လေ့ကျင့်ခန်းလုပ်ထားပြီး သက်လုံကောင်းသူမလို့ အနည်းငယ်ယိုင်ရုံမှလွဲ၍ အသာလေးပွေ့လိုက်နိုင်သည်။

“အမေ့...”

ထိုအခါမှ မျက်လုံးကျယ်လာကာ ကြောက်လန့်တကြားဖြင့် ကျစ်ကွမ်း၏ လည်ပင်းကို လှမ်းဖက်လေသည်။ ထို့နောက် မကျေနပ်သည့်ကြောင်ပေါက်လေးသဖွယ် မျက်မှောင်ကျုံ့ကာပြောလေသည်။

You Are The Reason Where stories live. Discover now