4

210 23 2
                                    

[Unicode]

ရှကျစ်ကွမ်းနိုးလာတော့ သူ၏ခေါင်းတစ်ခုလုံးက အုံခဲနေသည်။ မိမိမှာ လမ်းဘေးတစ်နေရာတွင် လှဲလျက်သားရှိနေသည်။ ဘေးဘီကိုကြည့်တော့လည်း ကွင်းပြင်ကျယ်များကလွဲ၍ အိမ်အရိပ်အရောင်မရှိပေ။ အချိန်ကတော်တော်လေးနှောင်းနေလေပြီ။ ‌အာကာကောင်းကင်တစ်ခုလုံး မဲနယ်ရောင်ခြယ်ထားကာ နေအလင်းရောင်ဟူ၍မရှိတော့ပေ။

*သွားပြီ အလောင်းသဂြိုလ်တာကိုမမီတော့ဘူး*

ရှကျစ်ကွမ်းစိတ်ပျက်မှုဖြင့် လမ်းမကို လက်သီးဖြင့်ထိုးလိုက်သည်။ တစ်စုံတစ်ယောက်က သူ့ကို အမှုစုံစမ်းမရအောင် နှောင့်ယှက်နေလေပြီ။ တရားခံသာဆိုရင် ဖမ်းမိဖို့ အတွက်စုံစမ်းနိုင်ပေမဲ့ အပြင်လူသာဆိုရင် နောက်အမှုများပါ ဒုက္ခပေးလာနိုင်သည်။ ခေါင်းကတရိပ်ရိပ်ဖြင့် မူးနေဆဲဖြစ်သော်လည်း လမ်းမကိုအားပြုကာ မတ်တပ်ထလိုက်သည်။ ခဏကြာလျှင် အလင်းရောင်ပျောက်တော့မည့်လမ်းမှာ သူဘယ်အရပ်ကိုဦးတည်ရမည်မသိပေ။ ဖုန်းကို ထုတ်ကြည့်တော့လည်း ဖုန်းလိုင်းကမမိ။ ဒီနေ့ညတော့ ပြန်မရောက်နိုင်လောက်သည့်အခြေအနေတွင်ရှိလေပြီ။

အရှေ့ဘက်ကိုသာ ဆက်လျှောက်လာရင်း တော်တော်လှမ်းလှမ်းကိုရောက်သောအခါ ကွင်းပြင်ဘက်ကို မျက်နှာမူကာထိုင်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဟူဒီခဲရောင်ပေါ်တွင် ဂျာကင်အမဲရောင်ထပ်ဝတ်ထားကာ အောက်ကဂျင်းအရောင်ရင့်ဖြင့် မှိုင်းပြပြအသွင်ဖြင့် ထိုင်နေသည့်အကိုပင်။ ဝမ်းနည်းကြေကွဲနေတဲ့ မျက်ဝန်းများဖြင့်  ဟိုးအဝေးတစ်နေရာကိုလှမ်းကြည့်နေသည်။ မြက်ရိုင်းပင်တွေကလွဲပြီး ဘာမှမရှိတော့တဲ့ ကွင်းပြင်ကြီးတွင် အကိုကအမှတ်တရများကို ကြည့်နေဟန်သဖွယ်ကြည့်နေသည်လေ။ ကျစ်ကွမ်း တဖြည်းဖြည်းအကို့နားလျှောက်သွားတာတောင် အကိုကမသိပါပေ။

ဟွမ်ကျွင့်ကျယ်ကို ရှကျစ်ကွမ်းမေးချင်သည့်မေးခွန်းများစွာရှိသည်။ အကိုဘာလို့ဒီလိုနေရာမှာ လာထိုင်နေရတာလဲ။ အကိုဘာလို့ သူ့အတွက် သံသယစာရင်းထဲဝင်နေရတာလဲ။ အကိုအဲ့နေ့က ဘာလို့သွားပို့ခဲ့ရတာလဲ။ အကိုဘာလို့ သူ့ကိုလိမ်ခဲ့ရတာလဲ။ ဘာလို့ဆိုတဲ့မေးခွန်းများက အကြောင်းပြချက်လိုသော်ငြားလည်း ရှကျစ်ကွမ်း မမေးနိုင်ခဲ့။ သူကြောက်မိသည်။ သူ၏မရင်းနှီးသေးတဲ့ သူစိမ်းလေးက သွေးအေးအေးဖြင့်ဝန်ခံလိုက်မှာကြောက်မိသည်။

You Are The Reason Where stories live. Discover now