1

407 31 9
                                    

[Unicode]

“လဲ့ဖေးမြို့အတွင်းရှိ စွန့်ပစ်ထားတဲ့အိမ်အဟောင်းအတွင်းမှာ အလောင်းတစ်လောင်းထပ်မံတွေ့ရှိတယ်လို့ သတင်းရထားပါတယ်။ ဒီလိုတွေ့ရှိမှုဟာ တစ်ပတ်အတွင်း နှစ်ကြိမ်မြောက်ဖြစ်တာကြောင့် မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ စိုးရိမ်စရာအနေအထားတစ်ခုဖြစ်နေပါတယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း ထိုကိစ္စကို အရှိန်အဟုန်မြင့်မြင့်နဲ့ စုံစမ်းနေကြောင်းပြောကြားထားပါတယ်။ ထပ်မံပြီးတော့...”

ဖန်သားပြင်မှာ ပြသနေတဲ့ သတင်းကြောင့် ယွီချန်းရဲ့ မျက်နှာကပိုပြီးကြည့်ရဆိုးလာသည်။ သူ့ဘေးရှိ တာ့မင်ကလည်းထိုနည်း ၄င်းပင်။

“တာ့မင် သေသွားတဲ့သူတွေထဲမှာ ရဲအရာရှိတွေလည်းပါတယ်တဲ့”

“ ငါတို့ဘယ်လိုလုပ်မလဲ”

“ဘာကိုဘယ်လိုလုပ်ချင်ကြတာလဲ"

“ခေါင်းဆောင်!!”

ဖိုင်တွဲတစ်ခုကိုကိုင်ရင်းအထဲဝင်လာတဲ့လူတစ်ယောက်ကြောင့် လူငယ်လေးနှစ်ယောက်ရဲ့ မျက်နှာထက်က တိမ်မဲများ ကင်းရှင်းသွားလေသည်။ ရှကျစ်ကွမ်းက လက်ထဲမှာကိုင်ထားတဲ့ ဖိုင်တွဲဖြင့် လူငယ်လေးနှစ်ယောက်ရဲ့ ခေါင်းကို တစ်ချက်စီ ရိုက်လိုက်သည်။

“ ငါတို့က ရဲအရာရှိတွေမဟုတ်ဘူးလား၊ လေ့ကျင့်ရေးတွေလည်းဆင်းပြီးသားကို ဘာကိုကြောက်နေရမှာလဲ၊ မင်းတို့က ဒီလိုကြောက်နေရင် ငါတို့ကာကွယ်ပေးရမဲ့ ပြည်သူတွေကဘယ်လိုလုပ်မှာလဲ”

ရှကျစ်ကွမ်းရဲ့စကားကြောင့် အသိပြန်ကပ်သွားကြပေမဲ့ ယွီချန်းက အထွန့်တက်ချင်ပုံရသေးသည်။ ဒါပေမဲ့ သူတို့ခေါင်းဆောင်ရဲ့ သြဝါဒတွေကို နားထောင်ရမှာကြောက်တာကြောင့် ငြိမ်ငြိမ်လေးသာနေလိုက်သည်။ တာ့မင်ကဖိုင်တွဲကို စိတ်ဝင်တစားကြည့်လာသည်။

“ခေါင်းဆောင် ဖိုင်တွဲကဘာတွေလဲ”

“ပိုင်ကျိုးရဲစခန်းကလွှဲလိုက်တာ သူတို့ဆီက လူသတ်မှုကိုစုံစမ်းပေးဖို့”

“အခုဖြစ်နေတဲ့ကွင်းဆက်လူသတ်မှုနဲ့ရော သက်ဆိုင်နေလား"

ရှကျစ်ကွမ်းရဲ့ မျက်ခုံးထောင့်စွန်းများက အနည်းငယ်တွန့်ချိုးသွားသည်။ သူလည်းအစကထိုသို့ထင်နေသည်။ သို့သော်လည်း အရင်ဖြစ်ပွားခဲ့တဲ့ အမှုနှစ်ခုနှင့်ယခု သူကိုင်ရတဲ့အမှုကသက်ဆိုင်မနေ။ ယခင်နှစ်မှုမှာလည်း တစ်မှုက ရဲဝန်ထမ်းတစ်ယောက်ရုတ်ချည်းနှလုံးဖောက်မှုဖြင့် သေဆုံးသွားခြင်းဖြစ်သည်။ အခုသတင်းမှာ‌ ကြေညာသွားတဲ့ အမှုကြ‌တော့ ဓားဖြင့်အကြိမ်ကြိမ်ထိုးသတ်ခံရခြင်းဖြစ်သည်။ အမှုနှစ်ခုလုံးရဲ့ ‌အဓိကတူညီနေမှုတစ်ခုတော့ရှိသည်။ ထိုအရာက စွန့်ပစ်အဆောက်အအုံများထဲတွင် တွေ့ရှိခြင်းပင်ဖြစ်သည်။

You Are The Reason Where stories live. Discover now