6

129 19 0
                                    

[Unicode]

စုံထောက်ဖူပို့ပေးတဲ့ တည်နေရာကို ဦးတည်မောင်းနှင်လိုက်ကာ စိတ်ထဲက တိတ်တိတ်လေးဆုတောင်းနေမိသည်။ ဒီတစ်ကြိမ်မှာတော့ ကွေ့ဝိုက်မေးနေတော့မည်မဟုတ်ပေ။ စိတ်ဇောအဟုန်ကြောင့် ကားက အရှိန်မြင့်မြင့်သွားတာမို့ သတိကပ်ပြီး အရှိန်လျှော့နေရသည်။ ရဲအရာရှိတစ်ယောက်အနေနှင့် ခံစားချက်နဲ့တာဝန်မှာ တာဝန်ကိုဦးစားပေးမဲ့သူဖြစ်သော်လည်း အခုအချိန်မှာတော့ ချန်ကျောက်ကိုသာ တရားခံဖြစ်စေချင်သည့်စိတ်များက အလေးသာနေသည်။

ကျွင့်ကျယ်၏ တိုက်ခန်းဆီရောက်တော့ ရှကျစ်ကွမ်းမှာ ကားကိုလော့ချပြီး အပေါ်သို့အမြန်ပြေးတက်လေသည်။ တဆတ်ဆတ်တုန်ရီနေတဲ့ နှလုံးသားကြောင့်ရော မောပန်းတဲ့ဒဏ်ကြောင့်ရော အသက်ကိုလုရှူနေရသည်။ အခန်းကို တံခါးခေါက်လိုက်တော့ ခဏအကြာမှာ အပြင်သွားဖို့ပြင်နေတဲ့ ပုံစံဖြင့် ဟွမ်ကျွင့်ကျယ်ကတံခါးဝမှာဆီးကြိုနေသည်။

“ဘာဖြစ်လို့လဲ ဘာလို့အရမ်းမောနေတာလဲ”

“အကို...အကို ကျွန်တော်ကိုအရင်ဖြေပေးပါ အကိုအဲ့နေ့က အပြင်မှာလို့ ဘာလို့လိမ်ခဲ့တာလဲ”

ဟွမ်ကျွင့်ကျယ်က မဖြေသေးဘဲသူ့မျက်နှာကိုသာ မရယ်မပြုံးဘဲ စိုက်ကြည့်နေသည်။

“အကိုဖြေလေ!!”

သူ့အသံကျယ်သွားမှန်းသိပေမဲ့ သူဂရုမစိုက်နိုင်ပါ။ အခုသူ့နှလုံးသားတစ်ခုလုံးက ကြောက်ရွံ့မှုကြောင့် တုန်နေသည်ကိုသာ ခံစားနေရသည်။ မဟုတ်ပါစေနဲ့.. မဟုတ်ပါစေနဲ့။ ဘုရားမလို့ မဟုတ်လိုက်ပါနဲ့။

“ငါမင်းကိုမဖြေခင် အရင်ပြစရာရှိတယ်”

ကျွင့်ကျယ်က အထဲကိုဝင်သွားပြီး လက်တော့ကိုထုတ်ကာ ဗီဒီယိုတစ်ခုကိုဖွင့်ပြီး ရှကျစ်ကွမ်းရှေ့ကိုထိုးပြလိုက်သည်။ ဗီဒီယိုထဲမှာ ရှကျစ်ကွမ်းက နှုတ်ဆက်ကာပြန်သွားပြီးနောက် ခဏအကြာမှာ တစ်ကိုယ်လုံးအမဲဝတ်ထားတဲ့ လူတစ်ယောက်က သူ့နောက်ကိုလိုက်သွားသည်။ ထို့နောက် ပြန်လာပြီးတော့ ဟွမ်ကျွင့်ကျယ်ရဲ့ အခန်းတံခါးကို လာဖွင့်ရန်ကြိုးပမ်းလေသည်။ မရမှန်းသိတော့မှ မျက်စောင်းထိုးက အခင်းဖြစ်ပွားတဲ့ အခန်းထဲဝင်သွားကာ တစ်ခုခုကိုကိုင်ပြီး ထွက်သွားလေသည်။

You Are The Reason Where stories live. Discover now