[Unicode]
ရှကျစ်ကွမ်းသည် ရလာတဲ့ အချက်အလက်များကို ပြန်စိစစ်နေလိုက်သည်။ ထိုသူနာပြုအမျိုးသမီးက တကယ့်ကို ဖော်ရွှေပြီး တစ်ခုခုဆိုလည်း လက်မနှေးပဲ ကူညီတတ်သူဖြစ်သည်။ ဤချောင်ကျတဲ့ အိမ်ရာငယ်လေးထဲမှာ ပြဿနာတွေက နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတတ်သော်လည်း ထိုအမျိုးသမီးကတော့ တစ်ခါမှဝင်ပါခြင်းမရှိခဲ့။ အသတ်ခံရတဲ့နေ့က ဟွမ်ကျွင့်ကျယ်ကလည်း အပြင်ရောက်နေခဲ့သည်။ သူပြန်လာတော့မှ တိုက်ခန်းရှိအဒေါ်ကြီးတစ်ယောက်က တံခါးဝမှာတုန်လှုပ်နေတဲ့ပုံစံဖြစ်နေတာကြောင့် မေးမြန်းရင်းနဲ့ သိရှိခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။ အနေအေးတဲ့ အမျိုးသမီးတစ်ယောက်အတွက် ဘာကများ အသတ်ခံရမဲ့ အကြောင်းပြချက်ဖြစ်စေခဲ့တာလဲ။
သူလျှောက်လမ်းတစ်လျှောက် လျှောက်လာရင်းနဲ့ ဝါကျင့်ကျင့်မီးရောင်က တဖြတ်ဖြတ်ခတ်သွားကာ ရုတ်တရက်ပြတ်တောက်သွားသည်။ ရှကျစ်ကွမ်းက ဖုန်းမီးကိုဖွင့်လိုက်ပြီး ရေရွတ်လိုက်သည်။
“ဘာလဲ မီးပြတ်သွားတာလား”
ထိုအချိန် ဓာတ်မီးကိုင်ရင်းလျှောက်လာတဲ့ အဒေါ်ကြီးတစ်ယောက်ကိုတွေ့တာကြောင့် အကျိုးအကြောင်းမေးမြန်းလိုက်သည်။
“အဒေါ် ဒီတိုက်ကပုံမှန်လည်း ဒီလိုမီးပြတ်နေကြလား”
“ဟုတ်ပါ့ စျေးပေါပေါနဲ့ငှားလို့ရတဲ့ တိုက်ခန်းတွေရဲ့ ပြဿနာတွေပေါ့”
“တစ်ခါပြတ်ရင် အရမ်းကြာတတ်လား”
“သိပ်တော့မကြာပါဘူး ဒါပေမဲ့လည်း အိမ်တိုင်းလိုလို ဘတ်ထရီအိုးတွေတော့ဆောင်ထားကြတာပေါ့”
“အဲ့တာဆို ဒီအိမ်ရာထဲကတော်တော်များများမှာ တစ်လုံးစီရှိမှာပေါ့”
ဟွမ်ကျွင့်ကျယ်၏ အိမ်ဝမှာလည်း ဘတ်ထရီအိုးတစ်လုံးရှိနေကြောင်း သတိရမိလိုက်သည်။
“အေးပေါ့ ဖယ်ပါဦး ပထမထပ်မှာ မာကျောက်ကစားဖို့ချိန်းထားတာ နောက်ကျကုန်ပြီ”
လက်နှိပ်ဓာတ်မီးကို ကိုင်ကာ ကြိုးစားပမ်းစားသွားနေတဲ့ အဒေါ်ကြီးကိုကြည့်ရင်း ရှကျစ်ကွမ်း အနည်းငယ်ရယ်လိုက်မိသည်။ တကယ့်ကို ဇွဲကြီးပေသည်။ အချိန်လည်း နောက်ကျနေတာမို့ ဒီလောက်နှင့်ခဏရပ်ထားဖို့ ဆုံးဖြတ်လိုက်သည်။ မနက်ဖြန်မနက်မှ သူနာပြုအိမ်သို့ သွားကြည့်ရမည်။ သူလှေကားနားရောက်သည့်အချိန်တွင် သူ့ကိုအမှောင်ထဲမှ တစ်ယောက်ယောက်ကြည့်နေသလို ခံစားလိုက်ရသည်။ ဖုန်းမီးကို ထိုဘက်သို့ အမြန်လှည့်လိုက်ပြီး စူးစိုက်ကြည့်လိုက်သည်။
YOU ARE READING
You Are The Reason