7

227 27 10
                                    

[Unicode]

"ကျစ်ကွမ်းရေ တရားခံကတော့ စိတ်ကျန်းမာရေးဆေးရုံကိုအရင်ပို့ရမဲ့ အခြေအနေပဲ"

"ဘာလို့လဲ အကိုချင် အဆင်မပြေဘူးလား"

"အေးကွာ တော်တော်လက်ပေါက်ကပ်တယ်၊ မင်းဆက်မေးပေးမလား ငါနားချင်လို့"

"ရတယ်လေ"

တရားခံအိမ်က ရှာတွေ့တဲ့သက်သေတွေရယ်၊ သေဆုံးသူရဲ့ အိမ်ကရှာတွေ့ထားတဲ့သက်သေတွေရယ်ကို စုစည်းထားတဲ့ မှတ်တမ်းကို ရှကျစ်ကွမ်းအားလက်လွှဲပေးလိုက်သည်။ ထို့နောက် တရားခံရဲ့ဝန်ခံချက်များပါ တစ်ပါတည်းပြောကြားလိုက်သည်။ ရှကျစ်ကွမ်းက နားထောင်နေရင်း လက်ထဲရှိစာရွက်စာတမ်းများကို လှန်ကြည့်ကာ တစ်စုံတစ်ယောက်နဲ့သက်ဆိုင်မှုမရှိတာ သေချာမှ စစ်‌ဆေးမေးမြန်းတဲ့အခန်းထဲဝင်သွားသည်။

တရားခံက ထိုင်ခုံကိုမီကာ သက်တောင့်သက်သာထိုင်နေပြီး ရှကျစ်ကွမ်းဝင်လာတာကိုသိလည်း မျက်လုံးလှန်ရုံသာ တုံ့ပြန်လေသည်။

"တရားခံနာမည် ချန်ကျောက်၊ ပြစ်မှု မိမိရည်းစားဖြစ်သူကို ရှော့တိုက်သတ်ဖြတ်မှု၊ ပြောပါဦး မင်းဘယ်လိုသတ်ခဲ့လဲ‌ဆိုတာလေး"

"ငါပြောပြီးပြီလေ မင်းတို့ရဲတွေဘာလို့အဲ့လောက်တောင်မှ မေးခွန်းတွေကိုထပ်ခါတလဲလဲမေးရတာ စွဲလန်းနေကြတာလဲ"

"မင်းပြောတာတွေက အဓိပ္ပာယ်မရှိလို့လေ မင်းအခန်းထဲဝင်ဖို့ကို အခန်းတံခါးက သူ့အလိုလိုဖွင့်ထားတယ်ပေါ့ မင်း ရေချိုးခန်းထဲဝင်တဲ့အထိ မင်းချစ်သူကမသိဘဲ ရေစိမ်နေခဲ့တာပေါ့ အဲ့လိုလား"

"ဟင်း..ထူးဆန်းတယ်လို့ခံစားရတယ်မလား ငါလည်း အဲ့တုန်းကဒေါသကြောင့် သေချာမတွေးနိုင်ခဲ့ဘူးလေ အခုပြန်တွေးကြည့်မှ အဖြေတွေ့တယ်"

ရှကျစ်ကွမ်းရဲ့ ဖိုင်ကိုကိုင်ထားတဲ့လက်များကတင်းကျပ်သွားသည်။ သို့သော်လည်း တခဏအတွင်းမှာ သူ့စိတ်ကိုပြန်လျှော့ချလိုက်သည်။ CCTV တွေရှိနေသည်။ တစ်ဖက်မှန်အပြင်ဖက်မှာ နားထောင်နေသည့်သူတွေရှိနေသည်။

"ငါ့အပြင် သူ့ကိုတစ်ယောက်ယောက်များသတ်ခဲ့တာလားလို့လေ"

"အပြစ်ကိုရှောင်ဖို့ကြိုးစားနေတာပဲ"

You Are The Reason Where stories live. Discover now