Episode -6

340 39 1
                                    

"ရစ်ခ်.... စိတ်ဆိုးနေသေးလား"

"ဟင့်အင်း"

"ရစ်ခ်.... ဒီနားလာဦး"

ကျွန်တော်ခေါ်ပေမယ့် မလာတာမို့ ရစ်ခ် နှင့် အနီးဆုံးသို့ တိုးသွားမိသည်။ ‌ရစ်ခ်နှင့် ခြေတစ်လှမ်းအကွာမှာ ရပ်တန့်လိုက်ပြီး ငေးကြည့်မိတော့ ကြောင်ရိုင်းလေးရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီက နူးညံ့စွာ လှရက်လွန်းနေခဲ့တယ်။ သတိမထားခဲ့မိဆုံးကတော့ ပန်းနုရောင်သန်းနေတဲ့ နှုတ်ခမ်းသား......

စက္ကန့်အနည်းငယ်ကြာအောင် ရစ်ခ့် နှုတ်ခမ်းပါးထံ ငေးကြည့်နေခဲ့မိပြီး ရေငတ်လာမိသည့် ခံစားချက်။ ထိတွေ့ချင်မိသည့်စိတ်အပြင် ရင်ခွင်ထဲ တစ်ကိုယ်လုံးကို သိမ်းကျုံး ဖမ်းဆုပ်ထားချင်မိသည့်အခါ.....

ကျွန်တော် ဘာဆက်လုပ်ရပါ့.....

"Kim Gyu......"

ပြောစရာ စကားတွေ ပျောက်ရှနေပုံပေါ်သည့် ရစ်ခ်ကိုကြည့်ရင်း အမည်မသိတဲ့ ခံစားချက်တွေက တစတစ ထပ်ကာ တိုးလို့၀င်သည်။

"ရစ်ခ် ငါတောင်းပန်ပါတယ်‌နော်"

နူးညံ့လှသော ရစ်ခ့်ရဲ့ ပါးပြင်ငယ်ကို ရစ်ခ်မျက်နှာထပ်ပင် အနည်းငယ်ကြီးနေနိုင်သော ကျွန်တော့်လက်ဖဝါးဖြင့် ခပ်ဖွဖွထိတွေ့မိသည်။ ‌ရစ်ခ့် ကို အနည်းငယ် ခေါင်းမော့စေပြီး...

တဖြည်းဖြည်း နီးကပ်လာသော ကျွန်တော်တို့ နှုတ်ခမ်းသားများ....

ထိလုဆဲဆဲ ကာလလေးဟာ တစ်မိနစ်ခန့်သာ ကြာပေမယ့် အချိန်တွေရပ်တန့်နေခဲ့သလို ရှေ့ဆက်တိုးရခက် ၊ နောက်ဆုတ်ရခက် ဖြစ်နေခဲ့သည်။

"Humm!"

ရစ်ခ့် ဆီမှ နာခေါင်းရှုံ့သံကြားမှ ကျွန်တော်အသိ၀င်လာခဲ့ပေမယ့် နှစ်ကိုယ်ကြားလေဟာနယ်မရှိသလောက် နီးကပ်နေတဲ့ အခိုက်အတန့် မှာ ရှေ့ဆက်တိုးဖို့ရာ မဝံ့ရဲပြန်။

ကျွန်တော့်မာနကြောင့်လား၊ ရစ်ခ့်မာနကြောင့်လားမသိပေမယ့် ကျွန်တော့်တို့ကြားရှိနေခဲ့တဲ့ friendship ကို ဖျက်ဆီးပစ်မည့်သူဟာ ကျွန်တော်ကိုယ်တိုင်ဖြစ်လာတော့မည်ဟု တွေးကြည့်ရုံနှင့်ပင် ရင်နင့်စရာကောင်းလှသည်။

Wild Cat Being CuteWhere stories live. Discover now