Episode - 7

321 44 1
                                        


"ရစ်ခ်... ငါတို့ဘယ်လိုရှေ့ဆက်ကြမလဲ"

တံခါးကို မှီရင်း ခပ်တိုးတိုးမေးမိပေမယ့် တုံ့ပြန်သံမကြားရ။ ကြောင်ရိုင်းလေးကတော့ ရေချိုးခန်းထဲ အိပ်ပျော်နေပြန်ပြီလားမသိချေ။

ဂယူဗင်း မတ်တပ်ထရပ်လိုက်ပြီး တံခါးခေါက်လိုက်ကာမှ ပန်းရောင်သမ်းနေသေးသော မျက်နှာလေးဖြင့် ထွက်လာလေသည်။

"ခွေးကောင် ဂယူဗင်း"

"Ricky yrr တအားချစ်ဖို့ကောင်းတာပဲ"

"Shitt"

နဂိုအခြေအနေ ပြန်ရောက်သွားလေသော ကြောင်ရိုင်းလေးမှာတော့ စကားကောင်းကောင်းပြောချင်တော့ပုံမပေါ်ချေ။ ပြောရရင် ရှက်ရမ်းရမ်းနေတာမျိုးပေါ့....

"အခု ငါတို့က ဘာတွေလဲဟင် ရစ်ခ်"

"သူငယ်ချင်းလေ"

"ဟ"

ရစ်ခ့် ဖြေနေပုံမှာ စနေပုံလည်းမပေါ် အတည်ပြောနေပုံလဲ မပေါ်ချေ။ ကျီစားနေတယ်ဆိုတာ ဒါမျိုးကို ပြောခြင်းဖြစ်နိုင်သည်။ ရုပ်တည်နှင့်ပြောနေရာမှ တချက် ပြုံးသွားပြီး ကျွန်တော့်ဆံပင်များကို တချက်ဖွလိုက်ပြန်သော ရစ်ခ်...

"သူငယ်ချင်းအချင်းချင်း မကြိုက်ရဘူးနော် ဂယူဗင်း"

"....."

ခေါင်မိုး‌ပေါ်မှာတုန်းက စ နမ်း တာ သူမဟုတ်သလိုပဲ ဆရာကြီးလေသံနှင့်ပြောနေပြန်သည်။ ဘယ်လိုပဲ ဆရာကြီးစတိုင်ဖမ်းဖမ်း ကျွန်တော့်အမြင်မှာ ချစ်စရာကြောင်ရိုင်းလေးပဲ မို့ ရစ်ခ့်ပါးတဖက်ကို အငိုက်ဖမ်းကာ လှမ်းနမ်းလိုက်‌တော့သည်။

"Yrrr Kim Gyuvin!!!!"

"ဘာလဲ သူငယ်ချင်းအချင်းချင်း ပါးလေးနမ်းတာအပြစ်လား၊ ခုနက ဘယ်သူလဲမသိဘူး ခေါင်မိုးပေါ်မှာ..."

"မင်း!!!! တော်တော့ ဂယူဗင်း!!!"

တမျက်နှာလုံး ပန်းရောင်သမ်းလာသည့် ကြောင်ရိုင်းလေးတကောင် နောက်ကနေ ခေါင်းအုံးနဲ့ လိုက်ရိုက်နေတာမလို့ ဂယူဗင်းလည်း အသက်ကို ဖက်နှင့်ထုပ်ကာ ထွက်ပြေးရလေတော့သည်။ အခန်းထဲနေရင် မလွတ်တော့တာသိတာမို့ အခန်းပြင်ထိ ထွက်ပြေးရတော့သည်။ ကျောင်းဆင်းချိန်မို့ corridor တလျှောက် လူစုံတက်စုံဖြစ်နေပေသည်။

Wild Cat Being CuteWhere stories live. Discover now