Episode -4

350 44 1
                                    

လေးယောက်တူတူ အဆောင်ပြန်တဲ့လမ်းအတိုင်းလျှောက်လာရင်း ထုံးစံအတိုင်း တက်ကြွသူလေးကတော့ အဆောင်တန်းပြန်ချင်ပုံပေါ်မနေ

"Pizzaသွားစားရအောင် ရှန်ချွမ်းရွေ့"

တော်ရုံလူသိပ်မသိတဲ့ သူ့ရဲ့ Chinese birth name‌အား ခေါ်လိုက်သော gyuvinကို လွယ်အိတ်နဲ့ ပိတ်ရိုက်လိုက်သော်လည်း အပြုံးတချက်မပျက်ပဲ အတင်းဆွဲခေါ်နေဆဲပင်

"ဟိုနှစ်ယောက် လာလေကွာ"

Gyuvinပြောစကားကို ယူဂျင်းကတော့ မကြားချင်ယောင်ဆောင်နေပြန်သည်။ မေးသမျှ ပြန်ဖြေနေကြ ဂွန်းဝုတောင် ဖုန်းကို အသည်းအသန်ငုံ့ကြည့်နေတော့ သူပြောတာကြား‌ပုံမပေါ်ချေ။

"ရစ်ခ် က သူ၀ယ်ကျွေးမယ်တဲ့"

"ဟမ် ငါဘယ်တုန်းကပြော..."

စက္ကန့်အနည်းငယ်မတိုင်ခင်အထိ တိတ်ဆိတ်နေသော်လည်း ၀ယ်ကျွေးမယ့် အသံကြားမှ သူတို့ဆီပြေးလာတဲ့ နှစ်ယောက်ကြောင့် ၀ယ်ကျွေးဖို့သာ ဆုံးဖြတ်လိုက်တော့တယ်။ တကယ့်ကောင် Gyuvin... သူ့ပိုက်ဆံမဟုတ်တိုင်း တအားဂုန်းဆင်းတဲ့ကောင်။

ကျောင်းအပြန်လမ်းတစ်လျှောက်....လမ်းလျှောက်နေသော်လည်း ထယ်ရယ့်IG accကိုသာ အစအဆုံးကြည့်နေလေသော ဂွန်းဝုနှင့်အတူ ကင်မ်ဂယူးဗင်းနှင့် ဝေးနိုင်သမျှ ဝေးရန်ထွက်ပြေးနေကြသော ကောင်လေးနှစ်ယောက်လည်းရှိပေသည်။

..........................................

"ဘုန်း!!!"

"Ah!"

ဖုန်းအကြည့်လွန်သွားတဲ့ ဂွန်းဝု ဆိုင်ထဲ၀င်ရင်း လူတစ်ယောက်အား မမြင်မစမ်း၀င်တိုက်မိခြင်းဖြစ်လေသည်။ လဲကျသွားသူကို တောင်းပန်ရင်း ထူပေးဖို့ လက်ကမ်းပေးရာမှ...

"ထယ်ရယ်ဟျောင်း!!!"

"ဟမ်?"

ရုတ်တရက် ထအော်တဲ့ ဂွန်းဝုကြောင့် ထယ်ရယ်ကြောင်အသွားမိသည်။ ၀င်တိုက်တုန်းက သူလန့်ပီးအော်မိတာတောင် ကျောက်တိုင်ကြီးကို တုတ်တုတ်မလှုပ်တဲ့ ဒီကလေး သူ့မျက်နှာမြင်မှ ဘာလို့ထအော်ရပါသလဲ....

"ဟို တောင်းပန်ပါတယ်နော် ဟျောင်း"

"ရတယ် ဘာမှမဖြစ်..."

Wild Cat Being CuteWhere stories live. Discover now