မကြာခင်ကမှ လူကို ဆွဲဖက်ကာ နှုတ်ခမ်းနမ်းလိုက် နဖူးနမ်းလိုက်လုပ်ထားသည့် ဂယူးဗင်း ရုတ်တရက် ငြိမ်နေတာမို့ ရစ်ခီစိတ်ရှုပ်နေမိသည်။ ဂယူဗင်း လာထိနေရင်မကြိုက်ပေမယ့် မထိပြန်တော့လည်း မနေတတ်သလိုခံစားနေရပြန်သည်။
ငါပဲ ရူးနေတာလား
မင်းပဲ ရူးနေတာလား ဂယူဗင်း....ဂယူဗင်းနှင့်မျက်နှာချင်းဆိုင်တွင်ရှိသော ဂွန်းဝုရဲ့ကုတင်ပေါ်ထိုင်နေရာမှ ဂယူဗင်း ရှိရာ ကုတင်ဆီ မသိစိတ်က လျှောက်သွားမိတော့သည်။
"ဂယူဗင်း...."
"....."
ဂယူဗင်းမှ ဘာမှပြန်မဖြေပဲ အူကြောင်ကြောင်မော့ကြည့်နေတာမို့ စိတ်ထဲ ပို၍ မကျေမနပ်ဖြစ်လာမိသည်။ ဘာလို့ ခေါ်တာကို မထူးရတာလဲ!!!!
ဂယူဗင်းရှေ့၌ ရပ်လိုက်ပြီး ဂယူဗင်းအား ကုတင်ပေါ် တွန်းလှဲပစ်လိုက်တော့သည်။ အခန်းထဲ၌ ကျွန်တော်တို့နှစ်ယောက်မှလွဲ၍ တခြားသူမရှိခြင်းက ကျွန်တော့်စိတ်အား ပို၍ အရိုင်းဆန်အောင် တွန်းအားပေးနေသယောင်ပင်။
"ရစ်ခ်?? ဘာဖြစ်လို့လဲ"
"ဂယူဗင်း... ဘာလို့ငါ့ကိုစိတ်ရှုပ်အောင် ခဏခဏ လုပ်ရတာလဲ"
အပေါ်ကနေ အုပ်မိုးပြီး စိုက်ကြည့်နေတာတောင် ဂယူဗင်းက ရုန်းတောင်မရုန်းပဲ ကြောင်တောင်တောင်မော့ကြည့်နေသည်။ ဘာလဲ ဒီကောင် ငါ့ကို မကြောက်တာလား?
"ဂင်မ်ဂယူဗင်း ငါ့ကိုမကြောက်ဘူးလား"
"ဘာတွေပြော...အာ့.. ခဏနေဦး ရစ်ခ်"
ဂယူဗင်းလည်ပင်းကို ငုံ့ကိုက်လိုက်တော့ အနည်းငယ် ရုန်းစပြုလာသည်။ ဂယူဗင်းရဲ့ အပေါ်ကုတ်ကို အတင်းဆွဲချွတ်တော့ အလိုက်သင့်လေး အချွတ်ခံနေပြန်သည်။ ဒီကောင်ကတော့....
"ဆက်လုပ်လေ ရစ်ခ်"
ကျွန်တော့်ဖက်မှ ရပ်တန့်လိုက်တာနဲ့ ပြောလာတာက ဆက်လုပ်လေတဲ့။ ဂယူဗင်းက ကျွန်တော့်ကို တကယ်ကြီးမကြောက်တာပင်။
"shitt!! တော်ပြီ မစတော့ဘူး"
ကျွန်တော့်ဖက်က အရင်စတာဆိုပေမယ့် အားသုံးလျှင် ဂယူဗင်းနိုင်မှာမို့ အရှိန်မလွန်ခင် ရပ်လိုက်တော့သည်။ သို့သော် ကျွန်တော်မတ်တပ်ထရပ်လိုက်ပေမယ့် ချက်ချင်းဆွဲချခံလိုက်ရသည်။ ကျွန်တော့်အား အိပ်ယာခင်းနှင့် နည်းနည်းလေးတောင်မကွာအောင် ဖိထားသော ဂယူဗင်း။ ကျွန်တော့်အပေါ်ကနေ အုပ်မိုးကာ ပြုံးပြီးစိုက်ကြည့်နေသည်မှာ မလုပ်ရဲတာမရှိသည့် လူယုက်မာနှင့်ပင် တူနေလေသည်။
YOU ARE READING
Wild Cat Being Cute
Fiksi PenggemarKim Gyuvin × Shen Ricky "ကြောင်ရိုင်းလေးတွေဟာလည်း အချစ်ခံရဖို့ ထိုက်တန်ပါတယ် ငါမင်းကိုချစ်တယ် ရစ်ခ်" "အချစ်ရဆုံးသူမို့ အဝေးကွာဆုံးနေချင်ခဲ့မိတာ အပြစ်မည်သလား Kim Gyu"