ရစ်ခ့်ကို ထားခဲ့ပြီး ဒုပါမောက္ခချုပ်ဆီ ပြေးလိုက်မိသည်။ ပထမနှစ်သာမန်ကျောင်းသားတစ်ယောက်အနေနဲ့ ဘာလုပ်ပိုင်ခွင့်မှ မရှိလျှင်တောင် ရစ်ခ့်ပျော်ဖို့အတွက်ဆို ကျွန်တော်ကြိုးစားရမည်မဟုတ်လား ။
သတ္တိမွေးကာ အခန်းတံခါးခေါက်ပြီး ၀င်သွားလိုက်ပေမယ့် ဒုချုပ်ရဲ့တင်းမာနေတဲ့ မျက်နှာကြောင့် အနည်းငယ် လန့်သွားမိတာတော့ အမှန်ပင်။
"ကျောင်းသားရေးရာအဖွဲ့၀င် ပထမနှစ် ဂင်မ်ဂယူဗင်းပါခင်ဗျာ့ ပြောစရာလေးရှိလို့ပါ"
"ပြော!!!"
ကြောက်ပေမယ့်လည်း မတတ်နိုင်တဲ့အဆုံး ဒုချုပ်ကဲ့သို့ တင်းမာသော လေသံနှင့်ပြောလိုက်တော့သည်။ ဆူတော့လည်း အဆူခံလိုက်ရုံပေါ့။
"ဂျယ်ဂျူကိုသွားဖို့ flightကြေး တစ်ယောက်ကို ၀မ်85000ကျပါတယ်ဗျာ့။ လက်မှတ်အစောင်သုံးဆယ်မလို့ ၀မ် 25သိန်းနဲ့ ငါးသောင်းပါ။ ဟိုတယ်က တစ်ထပ်လုံးငှားလိုက်တာမလို့ နှစ်ညစာ သိန်းလေးဆယ်ပါဗျ။ ဒီငွေတွေ အားလုံး pre paidမလို့ ရှင်းထားပြီးသားပါ။ ဒုချုပ်ဖက်က ဒီငွေအကုန် အလျော်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ မနက်ဖြန်ခရီးစဉ်ကို ဖျက်သိမ်းပေးပါ့မယ်"
မျက်နှာရှစ်ခေါက်ချိုးနှင့် ဒုချုပ်မှာ မျက်နှာဆယ့်ခြောက်ခေါက်ချိုးအဖြစ်သို့ ပြောင်းသွားလေသည်။ မျက်လုံးတွေပင် နီရဲအောင် ဒေါသထွက်နေသည်မို့ ဂယူဗင်းအနည်းငယ်လန့်လာမိသည်။
"ငါ့ ဒေါသကို လာဆွနေတာလား မင်း!!!"
"မလျော်ပေးနိုင်ရင် ခရီးစဉ်မဖျက်သိမ်းပေးနိုင်ပါဘူးခင်ဗျာ့ ကျန်တာ ဆရာ့အပိုင်းပါ"
"မင်း!!!"
ဒုချုပ်မှ ရုတ်တရက်ဆန်စွာ ဂယူဗင်းအား ရိုက်ရန် လက်ရွယ်လိုက်စဉ် ပွင့်လာသော တံခါး....
"ဂယူဗင်း!!!"
ရစ်ခ်???......
ကျောက်ရုပ်တစ်ရုပ်လို ရှောင်ဖို့တောင် မတွေးလိုက်မိပဲ ငြိမ်နေမိစဉ် ထွက်ပေါ်လာသော ရစ်ခ့်ရဲ့အသံ.....
လေပေါ်တွင်ပင် ရပ်တန့်သွားသော ဒုချုပ်၏လက်။
"နေ့လယ်စာစားရအောင် ဂင်မ်ဂယူး ၊ ပြီးကျ ဂျယ်ဂျူသွားဖို့ အ၀တ်တွေထည့်ရဦးမယ်လေ"
YOU ARE READING
Wild Cat Being Cute
FanficKim Gyuvin × Shen Ricky "ကြောင်ရိုင်းလေးတွေဟာလည်း အချစ်ခံရဖို့ ထိုက်တန်ပါတယ် ငါမင်းကိုချစ်တယ် ရစ်ခ်" "အချစ်ရဆုံးသူမို့ အဝေးကွာဆုံးနေချင်ခဲ့မိတာ အပြစ်မည်သလား Kim Gyu"