Episode -8

269 43 0
                                    


ကျောင်းဖွင့်ရက်မနက်ခင်းတစ်ခု.....

"ရှေ့တပတ် ကျောင်းသားရေးရာ လေ့လာရေးခရီးရှိတာမလို့ ပါမယ့်သူ‌တွေစာရင်းလာပေးကြ‌"

လေ့လာရေးခရီးမှာ ကျောင်းသားတိုင်းစိတ်၀င်စားသည့်အရာဖြစ်သော်လည်း ကျောင်းသားရေးရာအဖွဲ့၀င်ဖြစ်ဖို့ရန်တော့ မည်သူမှ စိတ်၀င်စားကြပုံပေါ်မပေါ်ချေ။ ‌ကျောင်းသားရေးရာအဖွဲ့၀င်တိုင်း တပတ်တခါ အဆောင်စစ်ဆေးရေး ၀င်ရသည့်အပြင် အစည်းအဝေးမကြာခဏလုပ်ပြီး စာရင်းစာတမ်းတချို့ကိုင်တွယ်ရတာမို့ ဘယ်သူမှ တော်ရုံတန်ရုံ ကျောင်းသားရေးရာသို့ မ၀င်ချင်ကြ။

"ရှန်ချွမ်းရွေ့ ပါမလို့တဲ့ ဆရာ "

ကျောင်းသားရေးရာအား မည်သူမှစိတ်မ၀င်စားတာကြောင့် တခန်းလုံးတိတ်ဆိတ်နေသော်လည်း ဂင်မ်ဂယူဗင်း၏ အသံမှာ တခန်းလုံးဟိန်း၍ ပျံ့နှံ့လာသည်။

"စန်ချန်းရေးက ဘယ်သူတုန်း"

ဆရာပြောလိုက်သော နာမည်မှာ တလုံးမှပင်မမှန်အောင် တက်တက်စင်လွဲသွားတာကြောင့် ရစ်ခီ့ တရုတ်နာမည်အား သိသူ သုံးဦးတည်းသော သုံးယောက်မှာ ရစ်ခီ့ကို ဝိုင်းကြည့်ရင်း အူတက်အောင် ထရယ်တော့သည်။

"ဂင်မ်ဂယူဗင်း ဟန်ယူဂျင်း ပတ်ဂွန်းဝု ဒီသုံး‌ယောက် ကျောင်းသားရေးရာအဖွဲ့၀င်ဖြစ်သွားပါပြီ"

ဆရာရဲ့ ရုတ်တရက်ကြေညာမှုကြောင့် ဂယူဗင်း လက်အားအတင်းဆွဲကာ ကိုက်နေသော ရစ်ကီပင် ထရယ်မိတော့သည်။

"ရစ်ကီလည်း ပါချင်နေပုံပဲ၊ ထည့်လိုက်ပြီနော်။ ဒီလေးယောက် ညနေ အဆောင်အစည်းအဝေးသွားတက်ကြ‌။ ကဲ ဒီနေ့အတန်းကဒီလောက်ပဲ ဆင်းလို့ရပါပြီ"

ဆရာထွက်သွားကာမှ ငြိမ်ကုတ်နေသာ အတန်းသူအတန်းသားအားလုံး ရယ်မောနေကြလေသည်။ ဆရာ့ဂျင်းထဲ လေးယောက်လုံး၀င်သွားသည်မှာ ဂယူဗင်းစနက်ဖြစ်တာကြောင့် သုံးယောက်ပေါင်းကာ ဂယူဗင်းအား ဝိုင်းရိုက်လေတော့သည်.....

.........................................

" ဟန်ဘင်း.. ညနေ ပထမနှစ်လေးတွေ လာမှာဆို"

Wild Cat Being CuteWhere stories live. Discover now