အပိုင်း(၅)

162 12 2
                                    

စိမ်းနုရောင်ဆေးသုပ်ထားသော ကြီးမားကျယ်ပြန့်သည့် နှစ်ထပ်ကျောင်းဆောင်ကြီး၏ ဝါးရံတာတွင် ကျောင်းသားကျောင်သူများအချို့ကို တွေ့နေရသည်။
ထိုကျောင်းဆောင်ရှေ့တွင်လည်း စိုက်ထားသည့် တမာပင်လေးနှင့်အတူ လွင့်ထူထားသည့် မြန်မာနိုင်ငံတော်အလံသည် လေထဲတွင် ယိမ်းနွဲ့လို့နေလေသည်။
ကျောင်းဆောင်ရဲ့ ဘေးပတ်ပတ်လည်တွင်ပန်းပင်များ ခရေပင်များ သရက်ပင်များမှာ ရွက်ဟောင်းများကြွေ၍ ရွက်သစ်များ တစ်ဖန်အစပြုပေါက်လာကြသည်။
ပွင့်ဖက်နီနီလေးများ ကြွေလုဆဲဆဲဖြစ်နေသည့် နှင်းဆီပန်းလေးများကလည်း ကျောင်းဆောင်ဝင်ပေါက် ဘေးတစ်ဖက်တစ်ချက်မှာရှိသည့်အလှမြေအိုးများထဲတွင် ညိုးငယ်စွာ မြေခစပြုနေလေသည်။
နှစ်ထပ်ကျောင်းဆောင်ကြီးသည် ပထမထပ် လေးခန်းနှင့် ဒုတိယထပ် လေးခန်း ပါရှိပြီး ကျယ်ကျယ်ဝန်းဝန်းရှိလှသည်။
ဒုတိယအထပ်ဧ တတိယအခန်းထဲတွင် တစ်ယောက်ထိုင်ရသည့် ထိုင်ခုံများပေါ်တွင် စာမေးပွဲဖြေနေကြသည့် ကျောင်းသားများကနေရာကွက်ကြားရှိနေလေသည်။
ဖြေဆိုပြီးလို့ အခန်းပြင်ကိုထွက်သွားသည့် ကျောင်းသားများ တချို့ကြောင့် စာမေးပွဲခန်ူထဲရှိ ခုံများတချို့မှာ နေရာလွတ်နေကြသည်။
ကျောင်းဆောင်သည် ဖြေဆိုပြီးကြသည့် ကျောင်းသားများဧ တီးတိုးတီးတိုး အသံများကိုလည်း ဝါးရန်တာမှ ကြားနေရသည်။

"ဟေ့ကောင့် မိုးဇက် ဘယ်လိုလည်း... ? ...ဖြေနိုင်လား "

အသားညိုညို အရပ်ရှည်သည့် ကျောင်းသားလေးသည် သူ့ဘေးက ပိန်ပိန်ရှည်ရှည် ကျောင်းသားလေးက လှမ်းမေးသံကြားသည်နှင့်

"အေးကွ...ဖြေနိုင်သလောက်လည်း ဖြေခဲတာပဲကွာ "

ထိုကျောင်သားဖက်ကို မျက်နှာ လှည့်ကာမိုးဇက် တစ်ယောက် ထိုပိန်ပိန်ရှည်ရှည်ကျောင်းသားလေးဧ အမေးကို အားမရစွာ ပြန်ဖြေခဲလေသည်။
မိုးဇက်တစ်ယောက် စာမေးပွဲအခန်းကို ကြော့ခိုင်းပြီး ဝါးရန်တာနှင့် မနီးမဝေးမှာ စိုက်ထားသည့် တမာပင်လေးကို အကြောင်းမဲ့ ငေးကြည့်နေလေသည်။
အညိုရောင်သမ်းနေသည့် လက်တွေကို လည်း
ဝါးရန်တာပေါ် မှီတင်လျက် မျက်စိရှေ့က တမာပင်ကိုတလှည့် လွင့်ထူထားသည့် နိုင်ငံတော်အလံကိုတလှည့် မျက်စိကစားနေရသည်။
မိနစ်အနည်းငယ်မျှကြာတော နောက်ထပ် ဖြေဆိုပြီးသည့် ကျောင်းသားတချို့ နှင့်အတူ ပါးပေါ်မှာ ပါးချိုင့်ပါသည့်ကျောင်းသားလေးလည်း အခန်းထဲမှ ထွက်လာလေသည်။
ထိုကျောင်းသားသည် အခန်းပြင်ကိုရောက်သည်နှင့် ကျောင်းရှေ့ကို ငေးကြည့်နေသည့် အသားညိုညို ကျောင်းသားလေးနားကို နေရာယူလိုက်သည်။သူသည် ဝါးရန်တာကို ကြောမှီကာ လက်နှစ်ဖက်ကို ပိုက်ထားရင်း အကြည့်များကို အခန်းရှိရာဘက် ပို့လိုက်လေသည်။

တောင်ပေါ်မြေက ရင်ခုန်သံWhere stories live. Discover now