အပိုင်း(၁၃)

82 5 0
                                    


"အက်ဖွေး…!…ဝေ့…အက်ဖွေး …"

"အိမ်ရှေ့က ဘယ်သူလည်း  "

အိမ်ရှေ့က လာသည့် အော်သံကြောင့် ရန်သျှင်းမေ လည်း အိမ်အပေါ်ထပ်မှာ သန့်ရှင်းရေးလုပ်ရင်း ဝါးရံတာဘက်ထွက်လာပြီး ပြန်မေးလိုက်သည်။

"ကျွန်တော် ပိုင်စိုးပါ အက်ဖွေးရှိလား မမသျှင်းမေ "

" ရှိတယ် အက်ဖွေးက ဟိုဖက်အိမ်မှာရော်"

" ဪ….ဟုတ်ကဲ့မမ အဲ့ဒါဆို ကျွန်တော်တို့ဟိုဖက် သွားပြီနော် "

" အေးအေး "

ပိုင်စိုးနှင့် ထွန်းအေးတို့နှစ်ယောက်သား စောမင်းနှောင်အိမ်ဘက်ကို သွားလိုက်ကြသည်။
စောမင်းနှောင်အိမ်ရှေ့ကိုရောက်သည်နှင့် စောမင်းနှောင်ကို လှမ်းခေါ်လိုက်လေသည်။

" ကိုကြီးငီစော…ဝေ့ကိုကြီးငီစော "

"  ဝေ့…ဘယ်သူတုန်းကွ "

အိမ်ရှေ့က ခေါ်သံကြောင့် စောမင်းနှောင်လည်း ဝါးရံတာဘက် သွားကာ ထွက်ကြည့်လိုက်တောမှ အက်ဖွေးရဲ့အပေါင်းအသင်း ပိုင်စိုးနဲ့ ထွန်းအေး ကို တွေ့ရသည်။

" ကျွန်တော်တို့ပါ ကိုကြီး,……
အက်ဖွေး က  ဒီမှာရှိတာယ်ဆိုလို့  "

"အေးရှိတယ်လေကွာ အိမ်ပေါ်အရင်တက်ခဲ့ လာ …"

ပိုင်စိုးနှင့် ထွန်းအေးကလည်းအက်ဖွေးရှိရာ အိမ် အပေါ်ထပ်ကို တက်သွားလိုက်လေသည်။
အပေါ်ထပ်ရောက်တော့ ဖုန်းထိုင်ကြည့်နေသည့်  ဧည့်သည်တစ်ယောက်ကိုနှင့်အတူ ဖုန်းကြည့်နေသည့်အက်ဖွေးကို တွေ့ရသည်။ စောမင်းနှောင်ဘက်ကိုကြည့်တော့ စာအုပ်လေးကိုင်ကာ ဘုရားစင်အောက်မှာ စာထိုင်ဖတ်နေလေသည်။

"  ဟာ ပိုင်စိုးနဲ့ထွန်းအေး ဒီကိုလာတယ် လာခဲလေဒီမှာလာထိုင်"

မိုးဇက်နားမှာထိုင်သည့် အက်ဖွေးက သူတို့ကိုလှမ်းခေါ်လိုက်သည်။
ကောင်ငယ်လေးနှစ်ယောက်က မိုးဇက်ကို မြင်တော့ ခပ်စိမ်းစိမ်း မျက်နှာထားလေးဖြင့် နည်းနည်း ချိန်နေဟန်ပင်။  ဒါကိုရိပ်မိနေတဲ့ မိုးဇက်က ဖုန်းကြည့်ရာကနေ ထိုကောင်ငယ်လေးနှစ်ယောက်ကို ကြည့်ကာပြော လိုက်သည်။

တောင်ပေါ်မြေက ရင်ခုန်သံWhere stories live. Discover now