အပိုင်း(၆)

127 13 1
                                    

ထမင်းစားရင်းတန်းလန်းဖြင့် ထမင်းစားဝိုင်းမှ ထသွားသည့် အသားအရည်ဖြူဖြူဖွေးဖွေး ကောင်ငယ်လေးသည် မီးဖိုချောင်ထဲကနေ အိမ်ပြင်ကို ခပ်သုတ်သုတ်ထွက်လာလိုက်သည်။
ဒီကနေ့သည် နွေရာသီရဲ ပထမဆုံးကျောင်းပိတ်ရက်ဖြစ်တာကြောင့် အတန်းအကြီးဆူံဖြစ်သည့် ၈ တန်းကျောင်းသားများက တစ်ကျောင်းလုံးရှိ ခုံများကို ပြန်လာသိမ်းရမည်ဖြစ်သည်။
အိမ်ခြံဝိုင်းကနေ ထွက်လာသည့်ကောင်ငယ်လေးသည် အိမ်ရှေ့လမ်းမကြီး တစ်နေရာ အရောက်မှာတော သူ့ကိုလှမ်းပြောသည့် အသံတစ်ခု ကိုကြားလိုက်ရသည်။

"ဟေ့ကောင် မွေးစားသား စောစောစီးစီး ဘယ်ကို သဝေထိုးမလို့တုန်း "

ဒီအသံပိုင်ရှင်ကို သူသိသည် သေချာအောင် အသံလာရာကို ဝေ့ကြည့်လိုက်တော သူ့အိမ်ရဲ့ မျက်နှာချင်းဆိုင်က လမ်းမကြီးတစ်လမ်းသာခြားသည့် အိမ်နှီးချင်းအိမ် ဘက်ကို လှည့်ကြည့်လိုက်သည်။အိမ်အပေါ်ထပ်ကဝါးရံတာမှာ စောက်လှမ်းနေသည့် ရူပါခပ်ချောချော လူငယ်တစ်ယောက်ကို တွေ့သည်နှင့် ကောင်ငယ်လေးသည်

"ကျောင်းထဲက ခုံတွေအကုန် သွားရိုက်ချိုးပစ်မလို့......!!!!!! "

အသံပြဲကြီးဖြင့် အော်ပြောလည်းပြော မျက်စောင်းလည်းထိုးကာ တစ်ဖက်ကို လှည့်ထွက်သွားလိုက်သည်။
ဝါးရံတာမှလူငယ်လေးသည်
ပြောလည်းပြော မျက်စောင်းလည်းထိုးသွားသည့် ကောင်ငယ်လေး‌ဧ နောက်ကြောကိုကြည့်ကာ ပြုံးစိစိဖြင့် ဝါးရံတာမှာ ကျန်ခဲလေသည်။
ပါးစပ်ဖျားမှလည်း

"ဒီခန္ဓာကိုယ် သေးသေးလေးနဲ့ ခုံသွားရိုက်ချိူးမှာတဲ့လား ......အဟားဟားးးး......."

တစ်ယောက်ထဲတီးတိုး ရေရွတ်ရင်း အိမ်ထဲကို ပြန်ဝင်သွားလိုက်သည်။

တစ်ဖက်မှာတော အသားဖွေးဖွေးနှင့် ပိန်ပိန်သေးသေး ကောင်ငယ်လေးသည် ရွာအရှေ့ဘက် ‌ရှိကျောင်းတော်ကြီးဆီ ကို သွားသည့် လမ်းမတစ်လျှောက် တွင် ခြေလမ်းတို့ကတဖြည်းဖြည်း ‌ဦးတည်သွားနေလေသည်။
လမ်းဘေးက အပင်များကိုတလှည့် ဦးတည်ရာ လမ်းကိုတလှည့်‌ ငေးကြည့်ရင်းသွားနေလေသည်။ ဦးတည်ရာကျောင်းကိုမရောက်ခင် လမ်းခုလတ်အရောက်မှာတော

တောင်ပေါ်မြေက ရင်ခုန်သံWhere stories live. Discover now