အပိုင်း (၁၈)

172 7 6
                                    

⟨ အတက်နေ့  ⟩

ဘုရားစေတီရှေ့မှာ ဘုရားရေသပ္ပယ်သည့် လူငယ်တချို့နှင့် ရေသပ္ပာယ်စင်ရှေ့မှာလူပြည့်လို့နေသည်။

  “ဗွမ်း ……!! ”

" ဟိုက် !!! ဘယ်သူငါ့ကိုရေပက်တာလည်း "

စေတီရှေ့မှာ ဘုရားရေသပ္ပာယ်နေတုန်း
အနောက်ကနေရေလာပက်သည့် တစ်စုံတစ်ယောက်ကြောင့်
မိုးဇက်တစ်ယောက်ပြောပြောဆိုဆိုဖြင့် အနောက်ကို သမင်လည်ပြန်လှည့်ကြည့်လိုက်သည်။

" ဟင်…… ကိုကြီးငီစောလည်းမဟုတ်ဘူး"

၁၄နှစ်အရွယ် ပိန်ပိန်သေးသေးကောင်မလေးတစ်ယောက်က ရေခွက်ကိုင်ရင်း သူ့ကို ကြောင်ကြည့်နေတာ ပြောလာတာကို တွေ့လိုက်ရသည်။

" ဟီးဟီး… "

ကလေးမကသွာတန်းတွေပေါ်သည်အထိရယ်ပြပြီး ထိုနေရာမှ လစ်ကနဲ့ ထွက်သွားလိုက်တော့သည်။

"ဟာ သွားပါပြီကွာ "

မိုးဇက်တစ်ယောက် ‌သူ့ကိုယ်သူပြန်ကြည့်ကာ ခပ်တိုးတိုးတစ်ချက် ငြီးငြူလိုက်သည်။
သူအနည်းငယ်မျှ စိတ်အလိုမကျဖြစ်သွားရသည်။ သူ့ခင်ဗျာ သူချစ်ခင်ရတဲ့ ရန်သျှင်းမေနဲ့ စကားပြောမှာမလို့ သန့်သန့်ပြန့်ပြန့်လေးဝတ်ထားသည်။ ရန်သျှင်းမေ ရှေ့မှာ ကြည့်ကောင်းအောင်လို့ဆိုပြီး ပါလာတဲ့အသစ်တွေ ထုတ်ဝတ်တဲ့နေ့မှာမှ ရေပက်ခံလိုက်ရသည်။

ခန္ဓာကိုယ်ကို လောင်းတာဆို တော်သေးသည်။အခုဟာက ခေါင်းကနေ လောင်းထည့်လိုက်တာကြောင့် ထောင်ထားတဲ့ ထောင်ကေပါ ပျက်သွားရပြီ။

ဟူး….တော်တော်ဆိုးတဲ့ကလေးမ။
စိတ်ထဲက တိတ်တဆိတ်ရေရွတ်လိုက်သည်။

ရေပက်ခံရတဲ့သူ့ပုံစံက စတိုင်မကျတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။‌
ဘုရားရေ သပ္ပာယ် ပြီးသည်နှင့် စောမင်းနှောင်ကို လိုက်ရှာလိုက်တော့သည်။

ဘုရားစေတီရဲအကာအရံကို တစ်ပတ်လောက်ပက်ရှာသော်လည်း စောမင်းနှောင်ကို မတွေ့ရချေ။ မျက်စိရှေ့မှာကစားနေတဲ့ ကလေးတစ်ယောက်ကို တွေ့တော့ သိလိုသိငြား မေးကြည့်လိုက်တော့သည်။

တောင်ပေါ်မြေက ရင်ခုန်သံWhere stories live. Discover now