အပိုင်း (၁၆)

109 7 2
                                    

⟨ သင်္ကြန်အကြိုနေ့ ⟩

သူငယ်ချင်းအိမ်ကို အိမ်လည်အိပ်ရင်နောက်ကျမှ အိမ်ပြန်လာ တဲ့ စောဝင်းမောင်တစ်ယောက်  ဒီနေ့မနက် ပုံမှန်နေ့တွေထက် အစောကြီးအိမ်ပြန်လာလို့နေ သည်။
ခဏအကြာမှာတော့ အိမ်အောက်ထပ်က ဆိုင်ကယ်ကို အပြင်ထုတ်ပြီး ဘုရားတောင်ဘက်ကို မှောင်းတက်သွားလိုက်သည်။

ဒီနေ့က မြန်မာ့ရိုးရာ ဖြစ်သည့် အတာသင်္ကြန်ရဲ့ သင်္ကြန်အကြိုနေ့ကို ရောက်ရှိလာခဲ့သည်။
အကြိုနေ့ရောက်ရင် စောမင်းနှောင်တို့ကျေးရွာက လူငယ်အမျိုးသား ၊ အမျိုးသမီးများက  ဘုရားကျောင်းရှိရာ တောင်ပေါ်ဆီကို စုဝေးကြရသည်။
ဘုရားကျောင်းမှာ စုဝေးပြီးသည်နှင့် နာမည်စာရင်းခေါ်ကာလူစစ်သည်။ လူစုံပြီဆိုသည်နှင့် ခေါင်းဆောင်ဖြစ်သူက တာဝန်ခွဲဝေပေးပြီး ငယ်သားတွေက ကျရာ တာဝန်ကို လုပ်ပေးကြရသည်။

ဒီနေ့က အကြိုနေ့ဖြစ်သည့်အတွက် စေတီအတွင်းမှ ဘုရားရုပ်တုများနှင့် ဘုရားကျောင်းအတွင်းရှိ ဘုရားရုပ်တုများ အားလုံးကို အပြင်သို့ ပင့်ဆောင်ပေးပြီးရေသပ္ပာယ်ရသည်။ ဘုရားပင့်ဆောင်ရန်အတွက် လူငယ်အမျိုးသား တချို့က စင်တစ်ခုကို ဆောက်ထားပေးရသည်။
ထိုစင် ရဲအမိုးကို အုန်းရွက်ဖြင့်မိုးပေးရသည်။ ပြီးသည်နှင့် ဆိုင်ကယ်ပါသည့် လူငယ်
တချို့က ရေတွင်းထဲကို ရေဆင်းတင်ပြီး ဘုရားရေသပ္ပာယ်သည့်နေရာတွင် ရေဖြည့်ပေးရသည်။

လူငယ်အမျိုးသမီးများကတော့  ဘုရားဆောင်ရဲ့ အပေါ်ထပ်နှင့်အောက်ထပ် ကို တပစ္စည်းလှည်းရသည်။ သိမ်ကျောင်းအတွင်းရှိ ဘုရားပန်းအိုးများ ၊ ဘုရားဆောင်အတွင်းရှိဘုရားပန်းအိုးများ ၊ မုဓ်ဦးအတွင်းရှိ ဘုရားပန်းအိုးများကို  လှဲလည်ပေးရသည်။

တစ်ချို့အမျိုးသမီးလူငယ်များကတော့ အကြိုနေ့မှာ ဥပုရ်စောင့်တဲ့သူများသည်မို့ ဥပုရ်သည်များအတွက် နေ့လည်ဆွမ်းကို ဆွမ်းစားဆောင်မှာ ချက်ပြုတ်ပေးရသည်။

ကျန်နေသည့် တချို့လူငယ်အမျိုးသားနှင့် လူငယ်အမျိုးသမီးများက ဘုရားကျောင်းအနီးအနားတစ်ဝိုက်က ပေါင်းမြက်များနှင့် ဘုရားကုန်းတက်သည့် လမ်တစ်လျှောက်ကလမ်းဘေးရှိ ပေါင်းမြက် တို့ကို ရှင်းလင်း ပြီးသန့်ရှင်းရေး လုပ်ပေးရသည်

တောင်ပေါ်မြေက ရင်ခုန်သံWhere stories live. Discover now