အပိုင်း(၁၅)

74 7 2
                                    

မနက်ခင်းဝေလီဝေလင်းအချိန်တစ်ခုမှာ စောမင်းနှောင်တစ်ယောက် အိပ်ယာက နိုးနေ‌သော်လည်း မထသေးပဲ သူ့ဘေးက သက်ရှိလေးကို ငေးကြည့်ရင်းပြုံးနေမိသည်။

အိပ်ပျော်နေသည့် ကောင်ငယ်လေးကို မနိုးသေးပဲ စောင်ကို ဖြည်းဖြည်းချင်း ကိုယ်မှခွာလိုက်ပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။

အောက်ထပ်ကိုဆင်းဖို့အပြင်ကို ထွက်လိုက်တော့ အပြင်မှာ  မိုးဇက်တစ်ယောက် အိပ်မော့ကျနေတာကိုတွေ့ရသည်။

အောက်ထပ်ကိုရောက်တော့ အိမ်‌နားက နေကန်မှာမျက်နာသစ်ပြီးသည်နှင့် သူ့အမေရှိရာမိးဖိုချောင် ဘက်ကို ဝင်သွားလိုက်သည်။

" စောစောစီးစီးနိုးလို့ပါလား ငီစော အိပ်ရေးရော ဝရဲ့လား မေ့သားငယ်  "

" သားအိပ်ရေးဝပါတယ်ဗျာ  အမိုး ကိုလာကူချင်လို့ "

" ဟုတ်ပါပြီတော် ဒါဆို အမိုးကို ပဲစေ့ငုံပြုတ်ထောင်းထားပေး အဲတာနဲ့ဆွမ်းလောင်းရမှာ "

" ဟုတ်ကဲ့ပါ အမိုး "

ခဏအကြာမျာတော့ မင်းနှောင်တစ်ယောက် အမိုးနှင့်အတူ ချက်ပြုတ်ပြီးသည်နှင့် ဘုရားဆွမ်းတော် တင်ဖို့အပေါ်ထပ်ကို တက်သွားလိုက်သည်။
ဘုရားစင်အောက်မှာ အိပ်တဲ့မိုးဇက်က အိပ်ရေးဝသွားလို့လားမသိ စောမင်းနှောင် ခြေသံတိုးတိုးဖြင့်လျှောက်တာတောင်မှ နိုးသွားသည်။

စောမင်းနှောင်က ဆွမ်းခွက်ကို ကိုင်ကာ အောက်ထပ်ကို ပြန်ဆင်းသွားလိုက်သည်။
မိုးဇက်ကလည်း အောက်ထပ်ကို မျက်နှာသစ်ဖို့ဆင်းသွားလိုက်သည်။

စောမင်းနှောင်  တစ်ဖန်အပေါ်ပြန်တက်လာပြီး ဘုရားဆွမ်းတော်ကပ်လိုက်သည်။
ဦးသုံးကြိမ်ချပြီးသည်နှင့် အိပ်ခန်းဘက်ကို ပြန်လာပြီး တော်တောနဲမနိုးသည့် ကာလနဂါးလေးကို ဝင်နိုးရတောသည်။

" အက်ဖွေးလေး …အက်ဖွေးလေး…"

"…………"

"အက်ဖွေးလေး…… ထတော့လေကွာ"

"…အင့်…………"

အကြိမ်ကြိမ်ခေါ်နိုးတာတောင် အင်းအဲလုပ်ပြီး မနိုးသေးသည့်ကောင်ငယ်လေးကြောင့် စောမင်းနှောင်လည်း အက်ဖွေးလေးရဲ့ နားနားကိုကပ်ကာ ပြောလိုက်သည်။

တောင်ပေါ်မြေက ရင်ခုန်သံWhere stories live. Discover now