အပိုင်း(၁၀)

107 8 0
                                    


" ဒေါ်လေးညွှန့် ‌…ဝေ့ဒေါ်လေးညွှန့်…"

အိမ်ပြင်ကလာသည့် ခေါ်သံကြောင့် Tv အသံကို အနည်းငယ်လျှော့လိုက်စဥ်။

"ဝေ့ဒေါ်လေးညွန့်…"

ပီပီသသကြားရသည့် အသံကြောင့် ဘယ်သူဘယ်ဝါမှန်း သိလိုက်သည်။

"ဝေး …. သားငီစောလား အိမ်ဝင်ခဲ့လေသား……"

အသံကြားသည်နှင့် သားအရင်းပမာ ချစ်တဲ့ စောမင်းနှောင်အသံဖြစ်တယ်ဆိုတာကို ဒေါ်ခင်မြင့်ညွှန့်တစ်ယောက် တန်းသိပါသည်။
နှစ်ထပ်အိမ်ရှေ့ကနေ မင်းနှောင်တစ်ယောက် အိမ်အောက်ထပ်ကို ဝင်သွားလိုက်သည်။

"လာလာဒီမှာလာထိုင်အုံး သားငီစော "

အိမ်ထဲရောက်တော tv ထိုင်ကြည့်နေသည့် ဒေါ်ခင်မြင့်ညွှန့် နားက ထိုင်ခံ‌ကို နေရာ
ယူကာဝင်လိုက်သည်။

"နေကောင်းတယ်မို့လား ဒေါ်လေးညွှန့် "

"ကောင်းပါ့တယ် သားငီစောရယ် "

"…………………."

"သမီး သျှင်းမေ ရေ ရေနွေးအိုးလေး လာချပေးပါအုံး ဒီနားကို "

~သျှင်းမေ~
"ဟုတ်ဟုတ် လာပြီအမိုး "

ရန်‌သျှင်းမေ တစ်ယောက်  ရေနွေးအိုးနှင့် ရေနွေးခွက်များထည့်ထားသည့် လင်ဗန်းတစ်ချက်က မ ကာ မီးဖိုချောင်ထဲမှထွက်လာပြီး အိမ်အောက်ထပ်က စားပွဲခုံမှာ ချထားလိုက်သည်။

"ငီစော ရေနွေးလေးသောက်ပါအုံး "

မင်းနှောင်က သျှင်းမေကိုတစ်ချက်ပြုံးကာပြန်ပြောလိုက်သည်။

"အေးအေး…… နင်လည်းလာထိုင်လေ သျှင်းမေ "

"အင်း……
အမေနဲ့စကားပြောနှင့်အုံးနော် ငါစားစရာတစ်ခုခုသွားလုပ်လိုက်အုံးမယ် "

"ရပါတယ် စားစရာမလိုပါဘူး ငါက ဧည့်သည်မှမဟုတ်တာ "

"ထားလိုက်ပါသားရယ် "

ဒေါ်ခင်မြင့်ညွှန့် စကားကြားဖြတ်ပြောလိုက်တော့မှ သျှင်းမေလည်း တစ်ချက်ပြုံးကာ မီးဖိုချောင်ထဲပြန်ဝင်သွားလိုက်သည်။
ကျန်ခဲ့တဲ့ စောမင်းနှောင် ကတော့

တောင်ပေါ်မြေက ရင်ခုန်သံWhere stories live. Discover now