အပိုင်း(၁၁)

99 7 0
                                    


ဘေးပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည့် ကျေးငှက်သံများနှင့် ကြက်တွန်သံများကို တစ်ချက်တစ်ချက်ကြားနေရသည်။ ကောင်ငယ်လေးတစ်ယောက်က
မျက်လုံးနှစ်ဖက်ကို စုံမိတ်ရင်း အိပ်ကောင်းနေတုန်း အချိန် မှာပဲ ဦးခေါင်းထက်ကို လာရိုက်ခတ်နေသည့် ခပ်နွေးနွေး လေရှူထုတ်သံတချို့က တိုးဝှေ့လာသည်ကိုလည်း ခံစားမိသည်။ လက်ကလေးကို လှုပ်ရှားလိုက်ပြီး ရှေ့ကိုပွတ်သပ်စမ်းကြည့်ရင်း တုန်ခါနေသည့် တစ်စုံတစ်ခုဆီကို အရောက်မှာတော့ လှုပ်ရှားမှုကိုရပ်ကာ မျက်လုံးနှစ်ဖက် တို့ကို ပွင့်ချလိုက်သည်။ မျက်စိရှေ့က မြင်လိုက်ရသည့် အိင်္ကျီဗလာနဲ့ ရင်ခွင်ကျယ်ကြီးတစ်စုံကြောင့် လက်မောင်းကို ခေါင်းအုံးခံအိပ်ထားသည့် ဦးခေါင်းကို အနည်းငယ်ရွေ့ကာ မျက်နှာကိုအပေါ်မော့ကြည့်လိုက်သည်။
မြင်ရတဲ့မျက်နှာလေးကြောင့် ကောင်ငယ်လေးတစ်ယောက် ပြုံးလိုက်မိသည်။

နေစမ်းပါအုံး ငါက ကိုရီးစော ရဲ့အခန်းထဲမှာရောက်နေတယ်။ မနေ့ညက ငါက ဘွားဘွားတို့အိမ်မှာလေ ဘယ်လိုဖြစ်ပြီး  ဒီကိုပြန်ရောက်လာတာလည်း။ ကိုရီးစော ကဘယ်ချိန်လာခေါ်တာလည်းမသိဘူး မနေ့ညက ငါအစောကြီးအိပ်ပျော်သွားတော့ ဘာမှမသိလိုက်ဘူး ။

အက်ဖွေးတစ်ယောက် စိတ်ထဲကနေ တစ်ယောက်ထဲ တွေးရင်း ကြိတ်ပျော်နေမိသည်။
ဘယ်လိုပဲဖြစ်ပါစေတော့ သူသိပ်ကိုမှ သံယောဇဉ်တွယ်မိနေတဲ့ သူ့ကိုရီးစောက သူ့ကိုမမေ့သေးပဲ အရင်လိုဂရုစိုက်နေသေးတယ်ဆိုတာ သူသိလိုက်ပြီ ဖြစ်သည်။

" ဘာကြည့်နေတာလည်းအက်ဖွေးလေး "

မျက်စိမဖွင့်ပါပဲ့နဲ့ သူခိုးကြည့်နေတာကိုသိနေသည့် သူ့ရှေ့ကလူကြီးရဲအသံကိုကြားတော့မှအက်ဖွေးလေးလည်း အသိစိတ်ကပ်ပြီး
သူခိုးလူမိသလိုပြန်ပြောလိုက်သည်။

"ဘာ……ဘာ…ဘာမှမကြည့်ရပါဘူး ကို ….ကို……ကိုရီးစော "

အက်ဖွေးလေးဆီက ထစ်ထစ်ငေါ့ငေါ့အသံကိုကြားတော့ စောမင်းနှောင်လည်း မနေနိုင်တော့ပဲ မျက်လုံးနှစ်ဖက် ဖွင့်ကာ ပါးပေါ်က ပါးချိုင့်များ ချိုင့်ခွက်သည်အောင် ပြုံးလိုက်မိသည်။

တောင်ပေါ်မြေက ရင်ခုန်သံWhere stories live. Discover now