အခန်း(၁)-၂

114 13 0
                                    

လန်ဒန်မြို့မြင်ကွင်းက ပကတိ ရင်သပ်ရှုမောဖွယ်ကောင်းလှ၏..။ ဘက်ဂင်ဟမ် နန်းတော် အပြင်ဘက်မှာ ယူနီယံဂျက်ခ် အလံတွေ ကိုယ်စီ လွှမ်းခြုံထားကြတဲ့ လူအုပ်ကြီး က စုရုံး ရောက်ရှိနေကြကာ လက်ထဲတွင်လည်း အလံငယ်လေးများကို ကိုင်ဆောင်ဝှေ့ယမ်းနေကြသည်..။ တော်ဝင်မင်္ဂလာပွဲ အောက်မေ့ဖွယ် အမှတ်တရပစ္စည်းများကလည်း နေရာအနှံ့ပင်..။ မင်းသား ဖီးလစ်နှင့် ဇနီးလောင်းတို့၏ မျက်နှာတွေက ချောကလက်ချောင်းတွေ မှသည် အတွင်းခံဘောင်းဘီပေါ်တွေအထိ နေရာယူလျက် ရှိနေကြသည်..။ အဲလက်စ်အတွက်ကတော့ ဘယ်ထောင့်ကကြည့်ကြည့် ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းလှသည့် အကြောင်းအရာ တစ်ခုအပေါ်မှာ ဒီလိုနှစ်နှစ်ကာကာ စိတ်အား ထက်သန်တဲ့လူတွေ ဒီလောက်များပြားလွန်း တာကို မယုံကြည်နိုင်ပင် ဖြစ်ရ၏...။ တစ်နေ့နေ့မှာ သူ သို့မဟုတ် ဇွန် တစ်ယောက်ယောက်သာ မင်္ဂလာဆောင်ခဲ့လျှင် အိမ်ဖြူတော်ရှေ့မှာ ဒီလို တန်းလာစီနေတဲ့ လူအုပ်ကြီးကို မြင်ရမှာ မဟုတ်တာတော့ သူအတတ်ပြောနိုင်သည်..။ အဲ့ဒါမျိုး သူလိုလည်း မလိုချင်ပေ...။

မင်္ဂလာအခမ်းအနားကိုယ်၌ကလည်း တစ်သက်လောက်ကြာသည် ထင်ရအောင်ကို မပြီးနိုင် မဆုံးနိုင်..။ အခမ်းအနားက သိပ်အဆိုးကြီးလို့တော့ သူမပြောချင်ပါ...။ အခုပြောနေတာ ကလည်း အဲလက်စ်က အချစ်ကို စိတ်မဝင်စားလို့..၊ ထိမ်းမြားလက်ထပ်တာတွေကို အသိအမှတ်မပြုလို့ မဟုတ်ပေ...။ သူပြောချင်နေတာက ဒီပွဲမှာ သတို့သမီး မာသာ (Marthar) က လူ အထင်ကြီး ခံရသည့် ဆွေတော်မျိုးတော် အသိုင်းအဝိုင်းက ဆင်းသက်လာသူ..၊ ပြောစရာမရှိအောင် အဖက်ဖက်က ပြည့်စုံသည့် မိန်းကလေးဖြစ်ပြီး..၊ သတို့သားဖြစ်သူ ဖီးလစ် က အင်္ဂလန်ပြည်၏ အိမ်ရှေ့စံဖြစ်နေတာကြောင့်ပင်..။ သူတို့မင်္ဂလာပွဲက စီးပွားရေးအရ အကျိုးတူပူပေါင်းမှုတစ်ခုဆန်ဆန် ဆက်ဆီတော့ ကျပါရဲ့..။ တစ်ယောက်နဲ့ တစ်ယောက် နှစ်ကာတွေ မေတ္တာတွေ ဘာတစ်ခုမှမပါသလို ဘာ ဒရာမာမှမရှိပေ..။ အဲလက်စ် အတွက်က အချစ်ပုံပြင်ဆိုလျှင် ရှိတ်စပီးယား ဆန်နေတာမျိုးမှ ဖြစ်သည်..။

ဘက်ဂင်ဟမ် နန်းတော် ကပွဲခမ်းမထဲက စားပွဲတစ်ခုမှာ ဇွန်နဲ့နိုရာတို့ နှစ်ယောက်ကြား ကျောက်ချ ထိုင်နေရတာ သူ့အဖို့ တစ်သက်နဲ့ခြောက်လလောက် ကြာသွားပြီဟု ထင်မိသည်..။ စိတ်ထဲမှာလည်း အလိုမကျ စိတ်မရှည်နိုင်မှုတွေ ဖြစ်လာကာ ဘာမှမစဉ်းစားပဲ လျှောက်လုပ်ပစ်ချင်လာသည်..။ နိုရာက ရှည်မျောမျော ရှန်ပိန်တစ်ခွက်ကို ကမ်းပေးလိုက်တော့ သူဝမ်းသာစွာပဲ လှမ်းယူလိုက်၏..။

The First Son & Royal Prince (ဘာသာပြန်) [On going]Where stories live. Discover now