အိမ်ဖြူတော် သုံးဖော် ဆိုသည်မှာ အဲလက်စ်၊ ဇွန် နဲ့ နိုရာ တို့သုံးယောက်ကို ပီးပဲလ် (The People) မဂ္ဂဇင်းကနေ တရားဝင် တွဲဖက်ပေးထားသည့် အမည်သညာတစ်ခု ဖြစ်လေသည်..။ အဲ့ဒီကိစ္စက သူ့အမေ သမ္မတသက်တမ်း မစတင်ခင်လေးတွင် စတင်ခဲ့ခြင်းဖြစ်ပြီး နောက်ကွယ်က တကယ့် အမှန်တရားကတော့ အဲ့ဒီလိုဟုတ်မနေပေ..။ အမှန်က အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အဖွဲ့က ပစ်မှတ်ထား အုပ်စုများ ခွဲ၍ သေချာစွာ စမ်းသပ်စစ်ဆေးပြီးမှ ပီးပဲလ် မဂ္ဂဇင်းကို တိုက်ရိုက် ပေးအပ်ခဲ့သော အမည်တစ်ခုသာဖြစ်သည်...။ စနစ်တကျ တွက်ချက်ယူ ထားတဲ့ နိုင်ငံရေး လှည့်ကွက် တစ်ခုသာ ဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဟက်ရှ်တက်ဂ်တွေနဲ့ပါ ရေပန်းစားသည့် အမည်တစ်ခုဖြစ်လာအောင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်၏..။
ကလယ်မွန် သားသမီးတွေ မတိုင်ခင်က ကနေဒီ သားသမီးများ..၊ ကလင်တန် သားသမီးများ၏ သတင်းတွေက အခြားသော သမ္မတ သားသမီးများကို မီဒီယာမျက်စိကနေ ဒိုင်းသဖွယ်ကာကွယ် ပေးထားခဲ့၏..။ ငယ်ရွယ်စဉ်ဘဝမှာ နေသားတကျ ဖြစ်မနေသည့် အခြေအနေတစ်ခုကို ကျော်လွှားနိုင်စေကာ ကိုယ်ပိုင် လွတ်လပ်ခွင့်တစ်ခု ပိုင်ဆိုင်နိုင်စေခဲ့၏..။ အရောင်ဆိုးခံရခြင်းတွေ မရှိဘဲ အော်ဂဲနစ် ကလေးဘဝ အတွေ့အကြုံစစ်စစ်များကို ပိုင်ဆိုင်ရစေခဲ့ကာ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ကြသည်..။ ဆာရှာနဲ့ မလီယာတို့ ကတော့ အထက်တန်းကျောင်းမပြီးခင်လေးကျမှ မီဒီယာတွေဆီမှာ အမဲလိုက်ခြင်းခံရကာ ကောင်းသည် မကောင်းသည် ဝေဖန်ပြောဆိုခြင်း ခံကြရသော်ငြား အိမ်ဖြူတော် သုံးဖော်ကတော့ သူများထက်ထူးစွာ ရှေ့က ဘယ်သူမှ မလုပ်ဖူးသေးသည့် ဇာတ်ညွှန်းတစ်ခုဖြင့် ကျန်တဲ့သူအားလုံးကို ကျော်တက်ခဲ့လေသည်..။
အဲ့ဒီဇာတ်ညွှန်းက တကယ့်ကို ရဲတင်းလွန်းလှသော အစီအစဉ်အသစ် တစ်ခုဖြစ်ခဲ့၏..။ ရုပ်ချောဆွဲဆောင်မှုရှိ..၊ ဉာဏ်ရည်ထက်မြက်..၊ အများချစ်ခင်နှစ်လို..၊ စျေးကွက်တင်ရုံအသင့်..၊ ထောင်စုအဆုံးသတ်နှစ်ဖွား (millennials) သုံးယောက်..။ တကယ်တမ်း အဲလက်စ်နဲ့ နိုရာက ဂျန်ဇီ (Gen Z) သတ်မှတ်ချက်ထဲတောင် မဆိုစလောက် ဝင်ကြသေးပေမယ့် မီဒီယာအမြင်မှာ အဲ့ဒါက လျှာဖျားစွဲစေမည့် အကြောင်းအရာ တစ်ခုဟုတ်မနေခဲ့..။ တကယ်တမ်းမှာ လူတိုင်းလျှာဖျားစွဲစေခြင်းကသာလျှင် ရောင်းကုန်တစ်ခု..၊ အမိုက်စားဖြစ်မှုကသာ လျှင်ရောင်းကုန်တစ်ခု..။ သမ္မတ အိုဘာမား အမိုက်စားဖြစ်ခဲ့သလို..၊ သမ္မတ မိသားစုတစ်ခုလုံးကလည်း သူ့နည်းသူ့ဟန်နဲ့ အမိုက်စား ဆယ်လီဘရယ်တီ တွေဖြစ်နိုင်သေးသည် မဟုတ်လား..။ သူ့အမေ အမြဲပြောတတ်သလို ပြောရလျှင်တော့...၊ အဲ့ဒီ ဇာတ်ညွှန်းက အကောင်းဆုံးတစ်ခု မဟုတ်ပေမယ့် အလုပ်တော့ ဖြစ်ခဲ့ပါသည်..။
YOU ARE READING
The First Son & Royal Prince (ဘာသာပြန်) [On going]
Romanceရုပ်ရှင်ပြန်ရိုက်ထားတဲ့ အင်္ဂလန်တော်ဝင်မင်းသားနဲ့ အမေရိကန် သမ္မတသားတို့ နှစ်ဦးရဲ့ ချစ်စရာ အချစ်ဇာတ်လမ်းလေးပါ..။ ကိုယ်က မူရင်းဝတ္ထုကို ဘာသာပြန်မှာပါ..။