ဤသဘောတူညီချက်တွင် အသုံးပြုထားသော "လျှို့ဝှက်ကန့်သတ်" အချက်အလက်များဟူသော စကားရပ်တွင် အောက်ပါတို့ပါဝင်စေရမည်..။
၁။ ဧည့်သည်တော်ထံ ပေးအပ်သော မြင့်မြတ်သောအရှင်မင်းသား ဟင်နရီ သို့ တော်ဝင်မိသားစုဝင်တစ်ဦးဦး၏ အချက်အလက်များ အား "လျှို့ဝှက်ကန့်သတ်" ဟူ၍ သတ်မှတ်သည်..။
၂။ မြင့်မြတ်သောအရှင်မင်းသား ဟင်နရီ ပုဂ္ဂလိကပိုင်ဆိုင်သော ကြွယ်ဝမှုများ၊ မြေယာ၊အိမ်တော်များနှင့်စပ်လျဉ်းသည့် ပိုင်ဆိုင်မှုဆိုင်ရာ နှင့် ငွေကြေးဆိုင်ရာ အချက်အလက်များအားလုံး..။
၃။ ဘက်ကင်ဟန်နန်းတော်၊ ကန်ဆင်တန်နန်းတော် အစရှိသည်တို့အပါအဝင် တော်ဝင်အိမ်တော်ရာများ၏ အတွင်းပိုင်း ဗိသုကာလက်ရာ အသေးစိတ်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အလှဆင်ထားရှိမှုလက်ရာများ..။
၄။ တရားဝင် တော်ဝင် စာရွက်စာတမ်းများ၊ မိန့်ခွန်းများ၊ အမိန့်တော်ရ အတ္ထုပတ္တိရေးသားသူများ က ထုတ်ပြန်ပေးထားခြင်း မရှိသည့် မြင့်မြတ်သောအရှင်မင်းသားဟင်နရီ၏ တစ်ကိုယ်ရည် သို့ အတွင်းရေး ဘဝနေထိုင်မှုများ ပါဝင်သော သို့မဟုတ် ယင်းတို့နှင့် စပ်လျဉ်းသော အချက်အလက်များ..။ ယင်းတို့တွင် ဧည့်သည်တော်နှင့် မြင့်မြတ်သောအရှင်မင်းသား ဟင်နရီတို့ အကြား ရှိအပ်သော ပုဂ္ဂိုလ်ရေး သို့ အတွင်းရေးဆက်ဆံရေးများလည်းပါဝင်စေရမည်...။
၅။ မြင့်မြတ်သောအရှင်မင်းသားဟင်နရီ ၏ တစ်ကိုယ်ရည်ပိုင်ဆိုင်သည့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများတွင် တွေ့ရှိရသော အချက်အလက်များ..။
ချဲ့ကားထားလိုက်သည်မှာ ကိုယ့်ကို အပျင်းပြေအမဲလိုက်ချင်တဲ့ နှာဘူး သန်းကြွယ်သူဌေးတစ်ယောက် ဆီကနေရတဲ့ စာချုပ်စာတမ်းတွေနှင့်ပင်တူသေးတော့သည်..။ သူအံ့သြသည်မှာ စိတ်ပိန်စရာ ကောင်းလောက်အောင် ကမ္ဘာပေါ်မှာလူသိများတဲ့ လူတစ်ယောက်ရဲ့အကြောင်းကို ဘာတွေများဒီလောက်ဖုံးကွယ်ချင်နေရသလဲလို့ပင်..။ သူ့ကိုတော့ လူသားအမဲလိုက်တာမျိုး မဖြစ်ပါစေနဲ့ပဲ မျှော်လင့်မိသည်..။
YOU ARE READING
The First Son & Royal Prince (ဘာသာပြန်) [On going]
Любовные романыရုပ်ရှင်ပြန်ရိုက်ထားတဲ့ အင်္ဂလန်တော်ဝင်မင်းသားနဲ့ အမေရိကန် သမ္မတသားတို့ နှစ်ဦးရဲ့ ချစ်စရာ အချစ်ဇာတ်လမ်းလေးပါ..။ ကိုယ်က မူရင်းဝတ္ထုကို ဘာသာပြန်မှာပါ..။