Red, White and Royal Blue ဆိုတဲ့ ရုပ်ရှင်ဟာ BL ချစ်သူများရော..BL ဆိုတာဘာမှန်းမသိတဲ့သူတွေပါ အရမ်းသဘောကျခဲ့ပြီး အတော်လေး Hit ဖြစ်ခဲ့တဲ့ ရုပ်ရှင်ပါ..။
ကိုယ်တို့ရဲ့ First Son လေး အဲလက်စ် (Alex) နဲ့ အင်္ဂလန်က တော်ဝင် မင်းသားလေး ဟင်နရီ (Henry) တို့ရဲ့ အူယားစရာ ချစ်စရာ ဇာတ်လမ်းလေးပေါ့..။
ကိုယ့်လို 3000-year-old-bl-ass ကြီးကတော့ အတော်လေးနှစ်သက်ခဲ့ပါတယ်..။ရုပ်ရှင် နာမည်ကိုလည်း မူရင်း ဝတ္ထု နဲ့ နာမည်တူပေးခဲ့တဲ့အပြင် ဇာတ်ညွှန်းကလည်း ဝတ္ထုနဲ့ အကွာလှကြီးမဟုတ်ပါဘူး..။
ဒါပေမယ့် ရုပ်ရှင် နဲ့ ဝတ္ထု ဟာ ခံစားသက်ဝင်ပုံခြင်း..၊ တင်ပြပုံခြင်း..၊ ကြားခံမီဒီယာ..စတာတွေ ကွဲပြားတာကြောင့် အဲ့ဒီနှစ်ခုဟာ ဘယ်တော့မှ ထပ်တူကျလေ့မရှိပါဘူး..။
ဥပမာဆိုရရင် အဲလက်စ်ဟာ ရုပ်ရှင်ထဲမှာတော့ တစ်ဦးတည်းသောသားလေးပေမယ့်..ဝတ္ထုထဲမှာ တော့ ဇွန် (June) လို့ခေါ်တဲ့ အစ်မတစ်ယောက်ရှိပါတယ်..။ သမ္မတသမီး(First Daughter) ပေါ့..။
အဲ့ဒါကြောင့် ရုပ်ရှင်နဲ့မတူခြားနားစွာ ခံစားနိုင်မယ့် မူရင်းဝတ္ထုလေးကို ကိုယ်ကိုယ်တိုင် ခံစားချင်တာရော..၊ ကိုယ့်လို ရင်ဘတ်တူတဲ့ လူများနဲ့မျှဝေချင်တာရောကြောင့် ဒါလေးကို ဘာသာပြန်လိုက်ပါတယ်..။မှန်တာပြောရရင် ကိုယ့်အလုပ်က အားလပ်ချိန်ဆိုတာ ဂျိုနဲ့လားလို့မေးရမယ့်အလုပ်မျိုးပေမယ့်..၊ ကိုယ်ဝါသနာပါလှတဲ့ ဘာသာပြန်တဲ့ အလုပ်ကိုလည်း မစွန့်လွှတ်နိုင်သေးလို့ အချိန်လုပြီးလုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ..။ အဲ့ဒါကြောင့် Update ကတော့ သိပ်မမြန်နိုင်ပါဘူး..။
ဒါပေမယ့် ဒါဟာ professional မဟုတ်တဲ့ Fan translation သာဖြစ်လို့ ဘာသာပြန်လိုအပ်ချက်တွေရှိမှာပါ..။ ထောက်ပြပေးမယ်ဆိုရင် ကျေးဇူးတင်ဝမ်းသာမိမှာပါ..။
ဒါဟာ ကိုယ့်ရဲ့ ၄ ပုဒ်မြောက် ဘာသာပြန်တစ်ပုဒ်ဖြစ်ပြီး My cellmate (ကိုယ့်ရဲ့အကျဉ်းဖော်) အပြီး ဒုတိယမြောက် ဝတ္ထုရှည်ဖြစ်ပါတယ်..။ ကျန်တဲ့နှစ်ခုက အတိုလေးတွေပါ..။
အားလုံးပဲ ခံစားကြည့်ပြီး Comment နဲ့ vote လေးတွေထားခဲ့လို့ရပါတယ်..။
ကျေးဇူးတင်ပါတယ်...။
Seven
26.3.2024
YOU ARE READING
The First Son & Royal Prince (ဘာသာပြန်) [On going]
Romanceရုပ်ရှင်ပြန်ရိုက်ထားတဲ့ အင်္ဂလန်တော်ဝင်မင်းသားနဲ့ အမေရိကန် သမ္မတသားတို့ နှစ်ဦးရဲ့ ချစ်စရာ အချစ်ဇာတ်လမ်းလေးပါ..။ ကိုယ်က မူရင်းဝတ္ထုကို ဘာသာပြန်မှာပါ..။