Chi အတွက် မိသားစုနဲ့ထပ်တူအရေးကြီးတဲ့သူကိုပြပါဆိုရင် perth ကို လက်ညှိုးထိုးပြစရာမလိုအောင်ကို ကျွန်တော့အနီးနားက လူတွေကအစ အကုန်သိနေတဲ့ ဆက်ဆံရေးတစ်ခု ဒါပင်မဲ့ အဲ့ဒီ့ဆက်ဆံရေးကို ခေါင်းစဥ်ရေရေရာရာ တပ်ဖို့အတွက် chi ဘက်က အဆင်သင့်ဖြစ်နေခဲ့ပင်မဲ့ သူကတော့ အဆင်သင့်ဖြစ်မနေခဲ့ဘူးဆိုတာကိုလဲ အားလုံးက သိနေသလို chi ကိုယ်တိုင်လဲ သိနေခဲ့ပီးသားပဲမဟုတ်လား😔
** mon mon mon !!! **
အတွေးတွေထဲမျောလွင့်နေတဲ့ mon ကို ထပ်တလဲလဲခေါ်နေပင်မဲ့ အကြောင်းမထူးတာမို့ အနဲငယ်လေသံကျယ်လိုက်တော့မှ လန့်ဖျန့်ပီး လှည့်ကြည့်လာတဲ့ ကျွန်တော့ရဲ့ ပါတနာ p chimon
** အော် အင်း ပြောလေ perth **
** ဘာတွေ တွေးနေလို့ ခေါ်မကြားအော်မကြားဖြစ်နေရတာလဲ mon **
** ဘာမှမဟုတ်ပါဘူး ဒီတိုင်း အလုပ်ကြောင်းတွေးနေတာ **
** ဟက် လိမ်လဲမလိမ်တတ်ပဲနဲ့ ဘာလို့လိမ်နေရပြန်တာလဲ ကျွန်တော့်အကြောင်းတွေးနေတာမှတ်လား **
Perth ရဲ့စကားသံအဆုံးမှာတော့ တွေတွေလေးငေးကြည့်နေမိပြန်တယ် အဲ့လောက်ကျွန်တော့်အကြောင်းသိနေတဲ့သူက chi ခံစားနေရတာတွေကိုတော့ မသိကျေးကျွန်ပြုထားတဲ့နေရာမှာတော့ အရမ်းကိုတော်လွန်းနေတယ်လေ
ပြန်ငြိမ်ကြပီး ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ chimon ရဲ့ ပါးဖောင်းဖောင်းလေးကို လက်လေးနဲ့ အသာလေးညှစ်လိုက်ပီး နှုတ်ခမ်းဖူးဖူးလေးကို ဖွဖွလေး နမ်းလိုက်တော့မှ
** Perth !!!! ဘာ ဘာ လုပ်တာလဲ **
** ဘာလုပ်လို့လဲ ဘာလို့ အလန့်တကြားဖြစ်ရတာလဲ mon ရယ် အရင်ကလဲ အဲ့လိုပဲနမ်းနေကြကို **
** Perth ငါအတည်မေးမယ်နော် မင်းနဲ့ငါကဘာတွေလဲ **
** ဟမ် ပါတနာလေ ကျွန်တော့ရဲ့ လုပ်ဖော်ကိုင်ဖက် ပါတနာကောင်းလေး လေ **
အမှတ်မရှိပဲမေးမိပြန်တဲ့ ကိုယ့် ကိုယ်ကိုပဲ အပြစ်တင်နေမိပြန်တယ် ဘယ်အချိန်မေးမေး အဖြေက အမြဲတမ်းတူညီနေခဲ့တာကိုတောင်မှ ပြောင်းလဲလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မေးမိခဲ့ပြန်တယ်မဟုတ်လား
YOU ARE READING
one side love or .....
Romancechi .... မင်းငါ့ကိုပေးခဲ့တဲ့နာကျင်မှုတွေကို ငါပြန်ပီးသတိမရချင်တော့ဘူး perth perth....ငါသူမကို ချစ်တယ်လို့ ထင်မိတာက ငါ့အတွက် အကြီးမားဆုံးအမှားကို ကျူးလွန်ဖို့ ခြေလှမ်းစတင်ခဲ့မိတာပဲ