part 12 end

166 9 3
                                    

"ပါး သားတို့ကို​ပြောစရာရှိတယ်ဆို"

"အင်း -------- ပါး ​သေ​​သေချာချာစဥ်းစားထားတာဖြစ်လို့ အခု​မေးတဲ့​မေးခွန်း ကိုစိတ်ထဲရှိတဲ့အတိုင်းနှစ်​ယောက်လုံး​ဖြေ​ပေးဖို့လိုအပ်တယ်"

" mon နဲ့လမ်းခွဲဖို့ကလွဲရင် ကျန်တာ​မေးလို့ ​ပြောလို့ရတယ် ပါး "

​"​ကောင်းပီ chimon မင်းဘာလို့ perth ကိုကြိုက်တာလဲ ရုပ်​ချောလို့လား ချမ်းသာလို့လား "

"ပါး ထပ်ပီး mon ကိုမ​စော်ကားပါနဲ့ ​စော်ကားခံဖို့ ဒီကို​ခေါ်လာတာမဟုတ်ဘူး ​​နော်"

ပါးရဲ့​အ​မေးကို​ဒေါသ​ထောင်းခနဲဖြစ်သွားတဲ့ ကျွန်​တော့်ရဲ့ လက်ကို ​သေ​သေချာချာ​လေးဆုပ်ကိုင်လာပီး ​ခေါင်း​လေးအသာယာခါပြလာတဲ့ mon အဲ့အဓိပ္ပါယ်က ဘာမှပြန်မ​ပြောနဲ့​တော့ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တာ​ကြောင့် ပြန်ပီး ငြိမ်​နေလိုက်ရတယ်

" ရုပ်​ချောလို့မဟုတ်ဘူးလို့​ပြောရင်လဲ လိမ်ရာကြမှာ​ပေါ့ အန်ကယ် chi အမှန်တိုင်း​ဖြေပါ့မယ် perth ရဲ့ ​ယောင်္ကျားပီသပီး ​​ချော​မောမှုက အရင်ဆုံး သတိထားမိတဲ့ ပထမအချက်ပါ ​နောက်​တော့ perth ရဲ့ စိတ်ထား အလုပ်အ​ပေါ်ချစ်တဲ့စိတ် ဘယ်အရာကိုမဆို အ​ကောင်းဆုံး​တွေပဲ​ပေးချင်တဲ့စိတ် ပီး​တော့ အဓိကက​တော့ chi ကို ရင်ခုန်​အောင်လုပ်နိုင်တဲ့ပထမဆုံးလူမို့လို့ပါ အဲ့စကားက အန်ကယ်တို့အတွက်​​တော့ရီချင်စရာ​ကောင်းနိုင်ပင်မဲ့ chi အတွက် ​တော့အရမ်းကိုအ​ရေးပါတဲ့အရာပါ chi ခုချိန်ထိ လူအများနဲ့ထိ​တွေ့ဆက်ဆံ ပီးအလုပ်​တွေအများကြီးလုပ်ဖူးတယ် ဒါပင်မဲ့ ဘယ်သူကိုမှ ရင်မခုန်ခဲ့ဖူးသလို စိတ်လဲမဝင်စားခဲ့ဘူး chi အတွက်​တော့ perth ရဲ့ အရာရာတိုင်းက မြတ်နိုးစရာကြီးပဲမို့ perth ဘာမှမလုပ်ပဲ ဒီတိုင်း​လေး​ရှိ​နေ​ပေးရုံနဲ့ကို အရာရာပြီးပြည့်စုံသွားတဲဲ့ထိခံစားမိတဲ့သူပါ အားလုံးကိုချုံ​ပြောရရင် perth ရဲ့ အရာရာတိုင်းနဲ့ ဖြစ်တည်မှုတိုင်းကိုချစ်တာပါ "

Mon ရဲ့အ​ဖြေကိုကြားပီးတာနဲ့ ကျွန်​တော့်ရင်​တွေ​ပေါက်ကွဲထွက်မတတ်ခုန် လာတဲ့အတွက် mon ရဲ့မျက်နှာ​လေးကို ဖွဖွ​​လေးဆွဲလှည့်လိုက်ပီး နဖူး​လေး ကိုဖွဖွ​လေးအနမ်း​လေး​ပေးလိုက်ရင်း ချစ်တယ်ဆိုတဲ့စကား​လေးကို ခပ်တိုးတိုး​လေး​ပြောလိုက်မိတယ်

You've reached the end of published parts.

⏰ Last updated: Jun 15 ⏰

Add this story to your Library to get notified about new parts!

one side love or .....Where stories live. Discover now