part 10

180 9 2
                                    

ဟိုရက်က ​ကောင်မ​လေးတစ်​ယောက်နဲ့​တွေ့တဲ့​​နေ့ထဲက ခုဆို တစ်ပတ်တိတိ ပြည့်လာခဲ့ပီ perth ဘက်က မဆက်သွယ်လာသလို ဘာမှလဲ​ဖြေရှင်းချက်​ပေးလာခြင်းမရှိ​ပေ ဒီ​နေ့​တော့ နှစ်​​ယောက်တူတူ ရိုက်ကူး​ရေးရှိတာ​ကြောင့် chi ဆန္ဒ​စောစွာဖြင့် အ​စောကြီး​ရောက်နှင့်​နေခဲ့တယ်

"Mon အ​စောကြီး​​ရောက်​နေတာလား "

Perth ရဲ့​အ​မေးကို ​ခေါင်းငြိမ့်​ပီးပဲအ​ဖြေပြန်​ပေးမိတယ်

" Mon ကိုယ့်ကိုစိတ်ဆိုး​နေ​သေးတာလား ကိုယ်ပီးမှအကုန်လုံးရှင်းပြ​ပေးမယ်​နော် ပီး​တော့ဒီ​နေ့ mon ကိုယ်နဲ့တစ်​နေရာလိုက်ခဲ့​ပေး​နော်"

"စိတ်ဆိုးစရာဘာရှိလို့လဲ perth မင်းနဲ့ငါနဲ့ကြားထဲမှာ အလုပ်ကိစ္စအပြင်ဘာ များရှိ​နေ​​သေးလို့လဲ"

"Mon "

" ငါတို့အလုပ်ထဲပဲအာရုံစိုက်ရ​အောင်"

Perth ရဲ့ စိတ်ဆိုး​နေ​သေးတာလားဆိုတဲ့​မေးခွန်းက ​ပေါ့​ပေါ့​လေးလို့ထင်ပင်မဲ့ chi အတွက်​တော့ အရမ်းကိုမှဝမ်းနည်းစရာ​မေးခွန်းတစ်ခုဖြစ်လာခဲ့တယ် chi စိတ်ဆိုးတာပဲဖြစ်ဖြစ် ဝမ်းနည်းတာပဲဖြစ်ဖြစ် ချက်ခြင်း​​ရောက်လာ တတ်တဲ့သူက တစ်ပတ်ပြည့်​တော့မှ စိတ်​ဆိုး​နေ​သေးတာလား ဆို​တော့ chi ဘယ်လိုပြန်​ဖြေရမလဲ လူမအားရင်​​တောင်ဖုန်း​လေးတစ်ချက်​တော့ဆက်လို့ ရတယ်မဟုတ်လား အခု​တော့ လူကို​တွေ့​​တော့မှ ဝတ်​ကျေတန်း​ကျေ​မေး​နေ တာက ------

-‐--------------

ရှုတင်အပီးမှာ ကျွန်​တော့်ကိုစကား​တစ်ခွန်း​တောင်မ​ပြောပဲနဲ့ ပြန်ဖို့ပြင်​နေတဲ့ mon ရဲ့လက်ကိုဆွဲလိုက်ပီး

" ကျွန်​​တော်နဲ့လိုက်ခဲ့ဦး​လေ ပီးမှကျွန်​​တော်ပြန်လိုက်ပို့မယ် "

"ငါ့မှာကားပါတယ် မလိုဘူး "

"ကျွတ် mon ဂျီမကျနဲ့ကွာ ကားကိုဒီတိုင်းထားခဲ့ "

"ဟက် မင်းကငါ့ကို မင်းလုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်​နေတာလား perth "

"Sorry sorry ကျွန်​တော် mon နဲ့တစ်​နေရာတူတူသွားစရာရှိလို့ ပီး​တော့ ကျွန်​တော် mon ကိုအရမ်းလွမ်းတယ်"

one side love or .....Where stories live. Discover now