** mon ဘာလို့ဖုန်းချက်ခြင်းမဖြေတာလဲ ကိုယ်ဘယ်လောက်စိတ်ပူနေလဲ သိရဲ့လား **
** sorry နော် ခု nanon နဲ့ အပြင်ရောက်နေလို့ ဖုန်းခေါ်တာ မကြားလိုက်ဘူး ပြောစရာရှိလို့လား perth **
Nanon နဲ့တူတူရှိနေတယ်လဲဆိုရော ချက်ခြင်းလာမယ်လုပ်လို့ ထိုင်နေတဲ့ ဆိုင်လိပ်စာပေးလိုက်ရတယ်လေ ချစ်သူတွေဖြစ်ပီးမှ ဘယ်သူနဲ့မှ စိတ်မချ ဖြစ်နေတဲ့ perth တစ်ယောက်ကိုလဲ ထိန်းလို့မနိုင်ပါ
________
ဆိုင်ထဲဝင်ဝင်ချင်းမှာပဲ nanon နဲ့ ပူးကပ်စွာထိုင်နေပီး ဖုန်းတစ်လုံးကို နှစ် ယောက်တူတူကြည့်စွာ ရီမောနေကြတာကြောင့် mon ရဲ့ထိုင်ခုံကို ဆွဲရွှေ့လိုက်တော့ လန့်သွားတဲ့အမူယာလေးနဲ့ မော့ကြည့်လာတဲ့ ကျွန်တော်ချစ်ရတဲ့သူ
** လန့်သွားတာပဲ ဒါနဲ့ ဘယ်တုန်းကရောက်တာလဲ **
** ကျွန်တော်ရောက်တာတောင်မသိဘူးမှတ်လား ဘာတွေအဲ့လောက်စိတ်ဝင် စားနေကြတာလဲ ထိုင်တာလဲ ကပ်နေတာပဲ **
** အော် အရေးကြီးကိစ္စတော့မဟုတ်ပါဘူး nanon တွေ့ထားတဲ့ ဟာသလေး ကို ကြည့်နေတာလေ **
** ငါနဲ့ chi နဲ့ ဘယ်လိုထိုင်ထိုင် မင်းကဘာလို့စိတ်ဝင်စားနေတာလဲ **
Nanon ရဲ့အမေးကြောင့် ဖြေစရာစကားရှာနေတဲ့ perth ကြောင့် စိတ်ထဲမှာ တော့ ကသိကအောင့် ဖြစ်သွားခဲ့ရတယ် pimfah နဲ့ပြတ်သွားတာမကြာ သေးတာကြောင့် chi နဲ့တွဲတာကို ဘယ်သူကိုမှမပြောပြချင်သေးဘူးလို့ပြော ပြထားပင်မဲ့ nanon ကိုတော့ အသိပေးလို့ရတယ်မဟုတ်လား
Nanon ရဲ့အမေးကို အဖြေပြန်မပေးသေးခင် monရဲ့မျက်နှာလေးကိုလှမ်း ကြည့်တော့ ဝမ်းနည်းနေတဲ့ မျက်နှာလေးနဲ့အတူ ခေါင်းလေးကို အောက်ငုံ့ သွားတာကြောင့်
** mon နဲ့ ငါချစ်သူတွေဖြစ်သွားပီမို့လို့ နောက်တခါ မင်းပျင်းလို့ ငါ့ချစ်သူ လေးကို ငှားချင်ရင် ငါ့ဆီက အရင်ခွင့်တောင်းမှရတော့မယ် **
** ဘာ ငါ နားကြားများမှားတာလား မင်းပဲ မကြိုက်ဘူးလို့ ငြင်းခဲ့တာ ဘယ် လောက်ကြာသေးလို့လဲ ပီးတော့ pimfah နဲ့ **
YOU ARE READING
one side love or .....
Romancechi .... မင်းငါ့ကိုပေးခဲ့တဲ့နာကျင်မှုတွေကို ငါပြန်ပီးသတိမရချင်တော့ဘူး perth perth....ငါသူမကို ချစ်တယ်လို့ ထင်မိတာက ငါ့အတွက် အကြီးမားဆုံးအမှားကို ကျူးလွန်ဖို့ ခြေလှမ်းစတင်ခဲ့မိတာပဲ