ဝိတ်တာလေးကို chi မစားတာတွေသေချာမှာပေးနေတဲ့ perth ကိုကြည့်ရင်း ပြုံးနေမိတယ် chi ကိုခုလိုဂရုမစိုက်တာကြာခဲ့ပီမဟုတ်လား
** p mon ဘာတွေ တွေးပီးပြုံးနေတာလဲ **
** အော် chi မကြိုက်တာတွေ မှတ်မိနေတာပဲလို့တွေးနေတာ **
** ကျွန်တော်က p mon မကြိုက်တာကိုဘာလို့မေ့သွားရမှာလဲ **
အမြဲတမ်းအဲ့လိုမှတ်မိနိုင်ပါ့မလား perth မင်းကတော့ ဘာရယ်မဟုတ်ပြုမူ လိုက်ပင်မဲ့ လက်လွှတ်ဖို့ခက်နေတဲ့ ငါ့အတွက်က ပိုပီးခက်ခဲသွားစေတယ်ဆို တာမင်းသိရဲ့လား
** p mon ဟို ဟို ကျွန်တော်ခွင့်တောင်းစရာရှိလို့ **
** အင်းပြောလေ **
** ခုနက pimfha က ဘယ်ရောက်နေလဲဆိုလို့ အဲ့ဒါ ကျွန်တော်ဒီဆိုင်ကို ပြောလိုက်တယ် အဲ့ဒါ **
** အာ .... chi ရှောင်ပေးစရာလိုသေးလား **
**ရှောင်စရာတော့မလိုပါဘူး ကျွန်တော်က p mon နဲ့နှစ်ယောက်ထဲစားဖို့ လုပ်ထားတာကို ခု pimfah လာမယ်ဆိုတော့ p mon အတွက် အနှောက်ယှက်ဖြစ်မှာဆိုးလို့ **
အိမ်မက်ဆိုတာ တကယ့်အပြင်မှာလက်တွေ့ဖြစ်မလာဘူးဆိုတာကို chi မေ့နေခဲ့တာပဲ ရိုက်ကူးရေးကို တကယ့်အပြင်လက်တွေ့ဘဝထိ ရင်ခုန်နေလို့ ဘယ်ရမလဲ chi မှာ အဲ့လောက်ထိ လောဘကြီးပိုင်ခွင့်မှမရှိတာ perth ဆိုတာ chi အတွက် လုံးဝဖြစ်လာမှာ မဟုတ်တဲ့ ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရှိပဲ ဒီတိုင်းလေးငေးကြည့်နေရမယ့် လူသားတစ်ယောက်ပဲ
-----‐--------
** baby ဒီနေ့ရိုက်ကူးရေးကအဆင်ပြေရဲ့လား **
မေးခွန်းနဲ့အတူ perth ရဲ့ နှုတ်ခမ်းကို ထိတယ်ဆိုရုံလေး ထိကပ်ပီး နှုတ်ဆက်လိုက်တဲ့ pimfha ကြောင့် chi ရဲ့မျက်နှာကိုရေခဲရေနဲ့အပက်ခံလိုက်ရသလိုခံစားလိုက်ရတယ် ပိုင်ရှင်ရှိနေတဲ့လူကို ခုချိန်ထိချစ်မိနေတဲ့အပြင် ဒီနေ့ရိုက်ကူးရေးကိုလဲ ရင်ခုန်နေခဲ့မိတယ်မဟုတ်လား pimfah အပေါ် အားနာစိတ်အပြင် chi ကိုယ် chi ရှက်တဲ့စိတ်တွေပါရောထွေးလာခဲ့ တယ်
YOU ARE READING
one side love or .....
Romancechi .... မင်းငါ့ကိုပေးခဲ့တဲ့နာကျင်မှုတွေကို ငါပြန်ပီးသတိမရချင်တော့ဘူး perth perth....ငါသူမကို ချစ်တယ်လို့ ထင်မိတာက ငါ့အတွက် အကြီးမားဆုံးအမှားကို ကျူးလွန်ဖို့ ခြေလှမ်းစတင်ခဲ့မိတာပဲ