P mon ဂျပန်မှာရောက်နေတဲ့အချိန်တိုအတွင်းမှာပဲ ကျွန်တော့်ဆီမှာလဲပြောင်းလဲမှုတွေဖြစ်ပေါ်လာခဲ့တယ် အဲ့ဒါကတော့ ကျွန်တော် ကောင်မလေး တစ်ယောက်ကိုပထမဆုံးအကြိမ် စတင်ပီးစိတ်ဝင်စားလာခဲ့တယ် သူမကတော့ ကျွန်တော်နဲ့ အခုတွဲဖက်ဖြစ်တဲ့ pimfah ဟုတ်တယ် သူမက ဆံပင်ရှည်ရှည် မျက်လုံးလှလှတွေနဲ့ ကျွန်တော့်ကိုပြုစားနေခဲ့တယ် ပထမဆုံးအကြိမ် သဘောကြတယ်လို့ခံစားမိတာမို့ pimfah အနားမှာပဲ ကပ်နေခဲ့တာ မို့ p mon ဆီဆက်သွယ်ဖို့ကိုပါမေ့လျော့နေခဲ့တယ်
At japan
** Kitty မျက်နှာလဲမကောင်းပါလား ဘာလဲ perth ဖုန်းမဆက်လို့လား **
** ဟမ် မဟုတ်ပါဘူး june ရယ် နဲနဲနေလို့မကောင်းလို့ပါ **
** ရှုတင် ရပ်လိုက်မလားဟင် june ပြောပေးရမလား **
** ရတယ် june နားလိုက်လို့ ဘယ်ရမလဲ chi တို့က တတ်နိုင်သလောက် မြန်မြန်ရိုက်မှ ထုတ်လုပ်ရေးဘက်ကပေးထားတဲ့ရက်ကို အတိအကျပီးမှာပေါ့ **
မုသားစကားတွေကို ခနခနသုံးနေရတဲ့ chi ကိုယ်ကို chi မကြိုက်လှပါ တကယ်တော့ နေမကောင်းတာမဟုတ်ပဲနဲ့ စိတ်မကောင်းတာဆို ပိုမှန်ပါလိမ့် မယ် ဒီနေ့မနက် x မှာ တက်လာတဲ့ perth နဲ့ pimfah ရဲ့ ပုံရိပ်တွေနဲ့အတူ chi နဲ့ perth ရဲ့ ပုံတွေကိုနှိုင်းယှဥ်လာကြပီး perth ရဲ့ အကြည့်တွေကို မေးခွန်းထုတ်လာကြတယ် တကယ်လဲ pimfah ကိုကြည့်တဲ့အကြည့်တွေက ထူးခြားနေတယ်ဆိုတာ chi မြင်တာနဲ့သိခဲ့တယ် perth စိတ်ဝင်စားနေတယ် ဆိုတာ အကြည့်တွေမှာတင် သက်သေပြနေတယ်မဟုတ်လား အဲ့ဒါတွေ ကြောင့် japan ရောက်ခါစ chi ကို june နဲ့ သဝန်တိုသလိုအပြုမူတွေနဲ့ ဖုန်း ခနခနဆက်တက်တဲ့ perth တစ်ယောက် chi ဆီဖုန်းမဆက်တော့တာ ခုဆို တစ်ပတ်ကျော်လာခဲ့ပီမဟုတ်လား chi ဘက်ကစပီးဆက်လိုက်ပြန်ရင်လဲ အင်း အဲ နဲ့ ဖုန်းချသွားချည်းပဲမို့ chi လဲဒီရက်ပိုင်း ဖုန်းမဆက်ဖြစ်တော့ပေ
__________
တစ်လဆိုတဲ့အချိန်ကာလတောင်ပြည့်သွားခဲ့ပီမို့ p mon လဲပြန်ရောက်လာခဲ့ ပီး ကျွန်တော်တို့ရဲ့ ရပ်တန့်ထားတဲ့ couple စီးရီးကိုရော pimfah နဲ့စီးရီးကို ရော နှစ်ဖက်မျှအောင်ရိုက်ကူးနေခဲ့ရတယ်
YOU ARE READING
one side love or .....
Romancechi .... မင်းငါ့ကိုပေးခဲ့တဲ့နာကျင်မှုတွေကို ငါပြန်ပီးသတိမရချင်တော့ဘူး perth perth....ငါသူမကို ချစ်တယ်လို့ ထင်မိတာက ငါ့အတွက် အကြီးမားဆုံးအမှားကို ကျူးလွန်ဖို့ ခြေလှမ်းစတင်ခဲ့မိတာပဲ