တစ်ဖက်သတ်အချစ်က အရမ်းကိုနာကျင်ရမှန်းသိခဲ့ရင် chi ရဲ့နှလုံးသားထဲ မှာ အရမ်းအမြစ်မတွယ်ခင် ဖြတ်တောက်နိုင်ခဲ့ရင် အခုလောက်ခံစားရပါ့မလား အခုတော့ နာကျင်ရမှန်းသိရဲ့နဲ့ ပိုင်ရှင်ရှိနေပီမှန်းသိရဲ့နဲ့ ဆက်ပီးချစ်နေ သေးတာဟာ chi ရူးနေလို့ပဲဖြစ်လိမ့်မယ်
** chi နေလို့ကောင်းသွားပီလား **
** အင်း သက်သာသွားပီ perth **
** chi ကျွန်တော်ကောင်မလေးရသွားတာကို စိတ်မဆိုးဘူးမို့လား **
စိတ်ဆိုးတာမဟုတ်ပဲနဲ့ စိတ်မကောင်းဖြစ်ရတာ နာကျင်ရတာလို့ ဖြေခွင့်မရှိဘူးမို့လား
** ဘာစိတ်ဆိုးစရာရှိလို့လဲ perth မင်းလဲအရွယ်ရောက်ပီးလူတစ်ယောက်ပဲ ချစ်သူရည်းစားရှိလာတာအဆန်းမှမဟုတ်တာ **
ကျွန်တော်ရည်းစားရတာနဲ့ပက်သတ်ပီး chi ကအရမ်းကို သက်တောင့်သက်သာရှိနေခဲ့တာပဲ chi ရဲ့ အဲ့လို အေးဆေးနေတဲ့အမူအရာကိုမြင်ရတာ ပျော်ရွှင်ရမဲ့အစား တင်းကျပ်လာတဲ့ခံစားချက်ကြီးက ဘာဖြစ်လို့လဲ
** အဲ့ဒါဆို ကျွန်တော်မိန်းမယူသွားရင်ရော **
** အင်း အဲ့ကြရင်တော့ လက်ဖွဲ့ကောင်းကောင်းပေးဖို့ chi စဥ်းစားရမှာပေါ့ ယူခါနီးရင်တော့ ကြိုပြောနော် perth **
** စတာပါ chi ရယ် အဝေးကြီးလိုပါသေးတယ် **
** အင်း ကဲပါ ပြင်ဆင်စရာရှိတာ ပြင်ဆင်တော့ ရှူတင်စတော့မယ်မှတ်လား chi လဲ အဝတ်စားလဲလိုက်ဦးမယ် **
Perth ကိုကျောပေးလိုက်တဲ့အချိန်မှာပဲ ပါးပြင်ပေါ်ကျလာတဲ့မျက်ရည်စီး ကြောင်းကို ခပ်မြန်မြန်ပဲသုတ်လိုက်ပီး နေရာကနေ ခပ်သုတ်သုတ်ထွက်လာ ခဲ့လိုက်တယ် perth မင်းပျော်နေမယ်ဆို ငါက ဘာပဲဖြစ်ဖြစ် လက်ခံပေးမယ် ဆိုတာ မင်းသိသင့်တယ်
** perth chimon ဒီနေ့ p တို့ရိုက်ဖို့လုပ်ထားတဲ့ အခန်းက ရိုက်ဖို့မဖြစ်နိုင်တော့ဘူး အပြင်မှာ မိုးတွေလေတွေတအားရွာနေတယ် အဲ့ဒါကြောင့် p တို့ bed scene ကိုပြောင်းရိုက်ဖို့ စဥ်းစားထားတယ် မင်းတို့အဆင်ပြေရဲ့လား **
YOU ARE READING
one side love or .....
Romancechi .... မင်းငါ့ကိုပေးခဲ့တဲ့နာကျင်မှုတွေကို ငါပြန်ပီးသတိမရချင်တော့ဘူး perth perth....ငါသူမကို ချစ်တယ်လို့ ထင်မိတာက ငါ့အတွက် အကြီးမားဆုံးအမှားကို ကျူးလွန်ဖို့ ခြေလှမ်းစတင်ခဲ့မိတာပဲ