အခန်း (၁)

846 6 0
                                    

အခန်း (၁)
        🎼တူနှစ်ဖြာ ရွှေဂဟေဆက်ဖို့ 🎵🎶
သွေမပျက်တဲ့ မေတ္တာ 🎵🎶🎼ရေစက်ရဲ့ ရှေးအလာ 🎶🎼မနှေးအခါခါ ချင့်တွေး🎼🎶🎼
ဖြစ်ရေးခု သမုဒယနွယ်လာ🎶🎵🎶 ဪ ဖြစ်ရေးခု သမုဒယနွယ်လာ🎼🎵🎼အခုဘဝတကယ် ဘယ်မမုန်းတော့လေး🎼လေး🎶လေး🎵
ရှေးရေစက် အကြောင်းဖက်ဖန်လာ🎶🎵🎶ရွှေပဒေသာ ငွေပဒေသာ🎼ဝေဝေဆာဆာ စွေရွာဖြိုး🎵🎶🎵ရတနာမိုးသွန်းတဲ့ ရက်မြတ်မင်္ဂလာအခါ🎶🎵🎶ဇေယတု သဗ္မမင်္ဂလာ 🎼🎵🎼အောင်စေအတိတ်နဲ့ ကြွေးကြော်‌သံညံစေ
🎵🎵🎼🎵🎼🎶🎶

"မင်္ဂလာတေးသီချင်းနှင့်အပြိုင် စင်မြင့်တက်သို့ တက်ရောက်လာသော သတို့သား မောင်ဆက်ကုဋေရင့် နှင့် သတို့သမီး မတစ်ခေတ်နွယ်တို့အား ကောင်းချီးဩဘာ လက်ခုပ်သံများ ချီးမြှင့်ပေးပါအုံးခင်ဗျာ"

ကျက်သရေခေါင်းပေါင်း ၊အဖြူရောင်တိုက်ပုံ ပုလဲရောင် အင်္ကျီ၊ပုဆိုးတို့အား ဝတ်ဆင်၍
ပြုံးရွှင်ကြည်လင် တောက်ပနေသော မျက်နှာပြင်နှင့် သတို့သားတစ်ယောက် ၊သူ၏ဘေးက တစ်ပတ်လျှိုဆံတုံးဆံမြိတ်ဘေးဘက်ချကာ သဇင်ခက်တွေ အပြည့်ပန်ဆင်လျက် ပုလဲရောင် ဝမ်းဆက်၊ပုလဲနှင့်နီလာကို လိုက်ဖက်စွာ အလှဆင်ထားသော လက်ဝတ်ရတနာများဆင်မြန်းပြီး လှချင်တိုင်းလှနေတဲ့ သတို့သမီး မျက်နှာကို တစ်ကမ္ဘာထင်စွာ စိုက်ကာကြည့်နေပုံက ခလုတ်တောင်တိုက်မိလေသည်။

"ဟုတ်ပါတယ်ခင်ဗျာ၊ကျွန်တော်တို့ရဲ့သတို့သား
ဆက်ကု‌ဋေရင့်ဆိုတာ သတို့သမီးကို မမြင်ဘူးသလို ကြည့်လွန်းလို့ ခလုတ်တောင်တိုက်ပါတယ်ခင်ဗျာ....ဟားဟားဟား"

မင်္ဂလာပွဲလာ ဧည့်ပရိတ်တွေအကုန် ရယ်မောကြရလေသည်။

"ဆက်ကလဲ ရှေ့ကိုကြည့်လျှောက်လေ"
"အဟင်း ဘယ်လိုလုပ်မလဲ တစ်ခေတ်ရဲ့၊တစ်ခေတ်က အရမ်းလှနေတာကိုကွာ"
"ကဲပါ ရှေ့ကိုကြည့် စင်ပေါ်ရောက်တော့မယ်၊ခလုတ်တိုက်ပြန်အုံးမယ်"
"အဟွန်း ဟုတ်ကဲ့ပါခင်ဗျာ"

!!!တစ်ခေတ်ရယ် မင်းကိုမောင်ပိုင်ဆိုင်ရလို့ ဘယ်လောက်ပျော်နေလဲဆိုတာ မောင်သာ အသိဆုံးပါ!!!မင်းအတွက် မောင်က အချစ်ဦးမဟုတ်ပေမဲ့ မောင်အတွက်တော့ တစ်ခေတ်က အချစ်ဦး၊အချစ်ဆုံးပါ သိပ်ချစ်တယ် တစ်ခေတ်!!!
!!!တောင်းပန်ပါတယ် ဆက်ရယ်၊တစ်ခေတ်လေ အိပ်ဆက်အပေါ် မတရားဘူဆိုတာ သိပါတယ်၊ဒါကြောင့်လေ ဘဝတစ်သက်လုံးစာ စိတ်ချမ်းမြေ့အောင် ထားမှာပါ ဆက်၊ဆက်အတွက် တစ်ခေတ်ဆီမှာ အချစ်တွေ မရှိပေမဲ့...!!!

နှောင်ကြိုးလေး တစ်မျှင်Where stories live. Discover now