အခန်း(၄)
"ဆက်ပြန်တော့မှာလား "
"အင်း လိုက်ပို့ပေးမယ်လေ"
"အင်းပါ ဆက် ကျေးဇူးပဲ"ထားတို့မိသားစု အဆင်ပြေစေရန် ဆက်သည် ရိုးသားစွာ ကူညီပေးသည်။ထားကတော့ ဆက်ကို မျှော်လင့်နေမိသူသာ။ ဆယ်တန်းအရွယ်ထဲက တွေ့ဆုံခဲ့တဲ့ ဆက်ကို မိန်းကလေးတန်မဲ့ စတင် စိတ်ဝင်စားခဲ့တယ်။ဆက်ကတော့ သူငယ်ချင်းထက် မပိုခဲ့ပေ။
"တက်လေ ထားသွယ်"
ကားနားအရောက် တံခါးဖွင့် ဝင်စေတဲ့ ဆက်ကို ပြုံးကာ ခေါင်းညိမ့်ပြမိသည် ။ ရှေ့အနာဂတ်အထိ ပတ်သက်ရရင် ထား ပျော်မိပေမည်။"ဆက် တစ်ခေတ်နဲ့ တွေ့သေးလား"
"ဟင် ...ဟင့်အင်း"
"တစ်ခေတ်က အမြဲကံကောင်းသူနော်၊သူ့ချစ်သူက အရမ်းချစ်တာ၊သူ့ချစ်သူအမေတွေကလဲ သဘောတူတယ် ဆက်ရဲ့"
"အင်း"တစ်ခေတ်အကြောင်းပြောလေတော့ မှိုင်းအုံသွားတဲ့ မိုးသားတိမ်လိပ်လို ကြည်လင်ဝင်းပနေတဲ့မျက်နှာလေးဟာ ကြွေကွဲစွာ အုံ့ဆိုင်းသွားလေသည်။
"ဆက်ကော အိမ်ထောင်ပြုဖို့ မစဉ်းစားတော့ဘူးလား"
"မစဉ်းစားသေးပါဘူး ထားသွယ်"
ထားသွယ်အမေးကို ပြန်ဖြေချိန် ဖုန်းသံကြောင့် ကြည့်လိုက်ရာ မာမီဆိုပဲ။"Ring တူတူ ငါရဲ့နှလုံးသားဟာ🎶မင်းလေးပဲ🎼မှောင်မိုက်ငါ့ဘဝအတွက်ဆို🎵အလင်းတန်းလေး🎼ဒီလူရင်ထဲ မင်းတစ်ယောက်သာ🎶🎵ယုံပါအချစ်ရာ🎼🎼🎶"
"ဟဲလို မာမီ"
"...."
"လမ်းမှာ မာမီ၊ထားသွယ်ကို ပို့ပြီးမှ ပြန်လာမှာ"
"...."
"ကျွီ....ဘာ....ဘာပြောတာ မာမီ၊တစ်ခေါက်လောက် ပြန်ပြောပါအုံး"ဆက်သည် တစ်ဖက်မှ မာမီအပြောကို အံ့ဩပြီး ကားဘရိတ်ကို နင်းပြီးရပ်၍ ပြန်မေးမိလိုက်ရ၏။စကားတွေတောင် ထစ်အသွားသည်အထိ အံ့ဩရပါသည်။
"...."
"ဟားးးး မာမီ စနေတာလားဗျာ"
"....."
"တကယ်ပေါ့ တကယ်ပေါ့နော်မာမီ ၊တစ်ခေတ်သားကို လက်ထပ်မယ်ဆိုတာ"
"ဟင် ဆက်"
"ကျေးဇူးမာမီ သားဖုန်းချပြီ၊အပြန်နောက်ကျမယ် မာမီ""ဆက် ....!!"
သူ၏ဖုန်းချလိုက်သည်နှင့် ထားသွယ်၏ ဆက်ခေါ်သံကို ကြားပြီး ဆက်သည်"ထားသွယ် sorry ကွာ၊ဒီနားပဲ ဆင်းတော့နော်၊ငါ...."
"ဆက် ...ငါပြောတာ ခဏနားထောင်အုံး"
"ဘာလဲကွာ ထားသွယ်၊ငါ တစ်ခေတ်ဆီသွားမလို့"
"သိတယ်၊ကြားတယ် တစ်ခေတ်က နင့်ကို လက်ထပ်မယ်ပေါ့ ဟုတ်လား ဆက်"
"ဟုတ်တယ်"