💚Extra💚
"မာမီ သားနှစ်ထပ်ကွမ်း ဒယ်ဒီဖြစ်တော့မယ်ဗျ"
"ဟေ ဘယ်လို သားဆက် "
ဒယ်ဒီ၏ မျက်မှောင်ကျုံ့ကာ မေးသော အမေး။
"အို သမီးတစ်ခေတ်မှာ ..."
မာမီရဲ့အပြောကို တစ်ခေတ်ခေါင်းညိမ့်ပြသလို မောင်သည် လက်သီးလက်မောင်းတန်းကာ
"Yes"
" အမလေးဟယ် မျက်နှာပေါ် ပျားသကာရည်လောင်းထားသလိုပဲ အမြင်ကပ်တယ်"
"ဟား...ဟား စောကတော့ ပြောတော့မယ်၊ပြီးရင် ငါ့မြေးလေး ငါ့မြေးလေးတွေဆိုပြီး ဖြစ်အုံးမယ်"
"ယုတို့ကို တရားစခန်းက ပြန်ခေါ်ရမယ်၊မြေးတွေထိန်းဖို့"
"စောကတော့ လုပ်ပြီ"မာမီနှင့်ဒယ်ဒီတို့အပြောကို တစ်ခေတ်က ပြုံး၍သာ နားထောက်လိုက်သည် ။မောင်ကတော့ မာမီ့ကို နှာခေါင်းရှုံ့ပြလေ၏။ သမီးလေးကတော့ သူ့အဖေရင်ဘတ်ကို မှီရင်း ဆော့နေလေရဲ့။
"ဟာ.... သွားပြီဗျာ"
"အို မောင်ကလဲ လန့်တောင်သွားတယ်"
"ဟဲ့ ဆက်ကုဋေရင့်ရဲ့ လန့်တာဟယ်၊ဘာတွေထအော်နေတာလဲ၊ကလေးလန့်သွားပြီ"မောင့်ရဲ့ ရုတ်တရက် ထအော်မှုကြောင့် မာမီကော တစ်ခေတ်ပါ လန့်သွားရလေ၏။သမီးလေးလဲ လန့်ကာ ထငိုလို့ မောင့်မှာ အရင်ချော့ရလေ၏။
"မောင်က မောင်တို့ နှစ်ပတ်လည်ကြရင် တစ်ခေတ်ကို ပေးဖို့အတွက် ကိုယ်ပိုင်ဆေးခန်း ဆောက်ထားတာ၊အခု ကလေးလေးတွေရှိနေတော့ မောင့်အသဲ ဘယ်လို လုပ်ရတော့မလဲ"
"ဟင် ဟုတ်လား မောင်""မောင့်ကြောင့် တစ်ခေတ်မြတ်နိုးတဲ့ အလုပ်ကို စွန့်လွှတ်ပစ်တာ မောင်စိတ်မကောင်းဘူး၊ဒါကြောင့် မောင်က Suprise လုပ်ပေးမလို့ဟာကိုကွာ"
"ဪ သားရယ်၊ကလေးတွေ မွေးပြီးရင် ပြန်လုပ်ရတာပဲ"
"ဟုတ်သားပဲ မောင်ကလဲ၊ကလေးလေးတွေ ရှိလဲ ၊နားနားနေနေ သွားထိုင်လို့ရတာပဲ မောင်ရဲ့"
"အင်း တစ်ခေတ် သဘော"တက်ကြွစွာ ပြောသော တစ်ခေတ်အပြောကြောင့် ဆက် သူ့လုပ်ရပ်အတွက် ဂုဏ်ယူနေမိသည်သာ။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
နေ့ရက်တွေ အလီလီပြောင်းသလို ရာသီစက်ဝိုင်းကြီးသည်လည်း တစ်ရွှေ့ရွှေ့ လည်ပတ်လာလေ၏။
အခုဆို တစ်ခေတ်ရဲ့ အမြွှာသားလေး နှစ်ယောက်ဖြစ်တဲ့ သားလတ်စွမ်းလက်ျာရင့် နှင့်
သားငယ်ကုဋေလကျ်ာရင့် တို့တောင်
၄နှစ်သားလေး အရွယ်သို့ ရောက်လို့လာပြီလေ။
သမီးကြီး ဆက်လင်္ကာရင့်ပင် ၆နှစ်အရွယ် ကျောင်းသူကြီးတစ်ယောက် ဖြစ်လို့နေပြီ။