အခန်း (၁၅)ဇာတ်သိမ်းပိုင်း

505 3 0
                                    

အခန်း (၁၅) ဇာတ်သိမ်းပိုင်း
"ရှေ့ဆက်တိုးဖို့ မကြိုးစားပါနဲ့ အန်တီ၊တစ်ခေတ်တို့နဲ့အန်တီတို့မိသားစုနဲ့ ပတ်သက်စရာ ဘာအကြောင်းမှ မရှိဘူး"

တစ်ခေတ်မောင့်ကို ရေပတ်တိုက်ပေးပြီး အခန်းပြင်ထွက်လာချိန် ဝရံတာမှနေ ခြံရှေ့သို့ တံခါးဖွင့်ခိုင်းပြီး ဝင်လာတဲ့ ထွဋ်ဝဏ္ဏ၏ မိခင်နှင့်အစ်မအားမြင်၍ ခက်ခက် အကူအညီဖြင့် အောက်ထပ် ဆင်းလာပြီးပြောခြင်းပင်။

"တစ်ခေတ်နွယ်၊ ညည်း ရိုင်းစိုင်းလှချီလား၊ငါ့မောင့်ကို လိုချင်တုန်းက ညည်းရုပ် အဲ့လိုလား"
"အဟင်း တစ်ခေတ် အစ်မတို့မောင်ကို လိုချင်လွန်းလို့ လာရှာတယ်မထင်ပါနဲ့၊မောင့်ကို ဒုက္ခတွေ မပေးချင်လို့၊ လာရှာတုန်းက အစ်မတို့ရဲ့အ‌မေပြောတဲ့စကားတွေ မှတ်မိအုံးမှာပါ"

"ဒီမှာ မိန်းကလေး၊နောက်တစ်ခါ မင်းမျက်နှာကို မမြင်ချင်ဘူး၊ဘယ်ကကလေကချေနဲ့ ရလာမှန်း မသိတဲ့ကလေးကို ငါ့သား ကလေးဆိုပြီး လာလာမျက်နှာမပြနဲ့၊ဘယ်လိုအကြောင်းမျိုးနဲ့မှ မင်းနဲ့ မဆုံချင်ဘူးဆိုတာ သဘောပေါက် ၊မင်းရုပ်ကိုသနားလို့ ရော့ဆိုပြီး ...သိန်း ၁၀၀ ပေးခဲ့တာသူမပင်"

မာနကြီးသော တစ်ခေတ်နွယ် ပိုက်ဆံလဲ မယူသလို နောက်ထပ်လည်း လာမရှာခဲ့ပေ။

ဒေါ်စိန်ဝင့်ထည် သူပြောခဲ့တဲ့ စကားတွေ ပြန်ကြားယောင်ရင်း မျက်နှာပျက်လို့ နေလေသည်။

"အန်တီ တောင်းပန်ပါတယ် ၊အန်တီ့သားကို တစ်ချိန်က ပတ်သက်မှုလေးနဲ့ပဲ ခွင့်လွှတ်ပါကွယ်၊မင်းဘက်က ကျေအေးမှုလေးပဲ လုပ်ပေးပါ၊ကျန်တာ အန်တီ ဘယ်လောက်ကုန်ကုန် သားကို အပြင်ရောက်အောင် လုပ်ပါ့မယ်၊အန်တီမှာ ဒီသားလေး တစ်ယောက်ထဲရှိတာပါ"
"အဟင်း ဟင်း ဟင်း "

ဒေါ်စိန်ဝင့်ထည်၏ အပြောကို မျက်ရည်တွေနဲ့ တစ်ခေတ်ရယ်မောရင်း

"အန်တီ့မှာ သားတစ်ယောက်ပဲရှိတယ်ပြောတော့ တစ်ခေတ်တို့ကြတော့ကော မောင်လဲ တစ်ဦးတည်းသော သားပါ၊တစ်ခေတ်မှာလဲ မောင်တစ်ယောက်ပဲ ရှိတာပါ၊ကိုယ် ပေါင်ပေါ် မီးဖွားကျမှ ပူမှန်းသိတတ်လား၊ တစ်ခေတ် ဘယ်တော့မှ ကျေအေးမပေးဘူး၊သူနဲ့ တိုက်တန်တဲ့ အပြစ်ကြွေး သူကိုယ်တိုင်ဆပ်ရမှာပဲ"

နှောင်ကြိုးလေး တစ်မျှင်Where stories live. Discover now