အခန်း (၉)
"အန်တီ နေကောင်းတယ်မို့လား"
"ဟင် သား "
ပန်းရဲ့နှုတ်ဆက်စကားကို ဂရုမထားပဲ၊နောက်မှ ထွက်ပေါ်လာသော သားကိုကြည့်ကာ မေးလိုက်ပါသော ဒေါ်စိန်ဝင့်ထည်။"ဟယ် မောင်လေး အကြောင်းမကြား ဘာမကြားနဲ့ ပြန်လာတယ်"
"ကိုယ့်အိမ်ကိုယ် ပြန်လာတာ ပြန်လာလို့ မရဘူးလား"
"အို အဲ့လို ပြောတာမဟုတ်ပါဘူး မောင်လေးရဲ့"
"မား ကျွန်တော် ဆေးရုံဆောက်တာပြီးတာနဲ့ ပြန်လာမယ်"သားဖြစ်သူ၏ စကားကြောင့် ဒေါ်စိန်ဝင့်ထည်ရော အစ်မဖြစ်သူပါ မျက်နှာတွေ တစ်မျိုးဖြစ်ကာ သွားရပေ၏။
"ကျောင်းကကော "
"ရတယ်မား ၊အဲ့ကိစ္စကို ကျွန်တော့်ဘာသာ စီစဉ်မယ်"
"မောင်လေး လက်ထပ်ဖို့ကိစ္စကကော မား"
"ကျွန်တော် အေးဆေးနေချင်သေးတယ် မား"
"ပန်းလည်း အတူတူပဲ"
"ကျွန်တော် နားတော့မယ်၊ပန်းလည်း ပြန်တော့လေ"
"Ok ,ရော့ ထွဋ်အိမ်သော့"
"Thank you Pann၊မင်းပါးကို ရေခဲအုပ်လိုက်အုံး"ထွဋ်ဝဏ္ဏ အပြောကို ခေါင်းသာညိမ့်ပြလိုက်လေသည်။
ပန်းဧကရီပြန်သည်နှင့် ထွဋ်ဝဏ္ဏအပေါ်ထပ်သို့ တက်ရန် ခြေလှမ်းလှမ်းစဉ်"သား ဘယ်နေ့ထဲက မြန်မာပြည်ရောက်တာလဲ"
ထွဋ်ဝဏ္ဏ မား၏အမေးကို ချက်ချင်းမဖြေမိပေ။ စက္ကန့်များစွာ ကြာလေမှ
" တစ်ပတ်ရှိပြီ"
"အဲ့တစ်ပတ်အတွင်းမှာ မင်းဘယ်ရောက်နေလဲ"
"ဆေးရုံဆောက်တဲ့ကိစ္စ လိုအပ်ချက်တွေ လမ်းညွှန်နေတယ်"
"ကျိန်းသေလား ထွဋ်ဝဏ္ဏ"!!!မား ဘာသိချင်တာလဲ၊မားသိချင်တာကို အကုန်ဖြေခဲ့မယ်၊ဟုတ်တယ် မားထင်သလိုပဲ၊ကျွန်တော် နွယ့်ကို တွေ့ချင်တယ်၊နွယ်နဲ့အတူ ကျွန်တော့ရင်သွေးလေးကို လိုချင်တယ်၊နွယ့်ကို အထင်လွှဲသမျှ စွပ်စွဲခဲ့ရသမျှ တောင်းပန်ချင်တယ်၊အခုထိနွယ့်ကို ချစ်သေးကြောင်း ရင်ဖွင့်ချင်တယ်!!!
စိတ်ရှိတိုင်းသာဆို မားကို အဲ့လို ပြန်ဖြေချင်မိသည်။ဒါပေမဲ့......။
"မား ကျွန်တော်က မားသားပါ၊ကိုယ့်ကိုစွန့်ပစ်ခဲ့တဲ့ မိန်းမတစ်ယောက်အတွက်နဲ့ ကျွန်တော့်ရဲ့ တက်လမ်းကို မနှောင့်နှေးစေရဘူး၊နောက်ပြီး မားဖြစ်စေချင်သလို ပန်းကို လက်ထပ်မှာပါ၊ပန်းနဲ့နှစ်ယောက်တစ်ဘဝ မထူထောင်မှီ ကျွန်တော် လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြည့်ပြည့်ဝဝ ယူထားချင်လို့ ဒီအချိန် လက်မထပ်သေးတာပါ မား"