အခန်း (၅)

191 3 0
                                    

အခန်း (၅)

  "ဒေါက်တာ ဒီခွဲစိတ်မှုလေး ပြီးရင် နားလိုက်တော့၊ကျန်တာက ဖျားနာမှုလောက်ပဲရှိတော့တာ"
"ဟုတ်ပါပြီ ၊အဲဒါဆို တစ်ခေတ်နားပြီနော်"

တစ်ခေတ်နှင့်အတူ ဆရာဝန်ပေါက်စလေးတွေ၊ဆေးသင်တန်းသူ၊သင်တန်းသားတွေကိုပါ မှာစရာရှိတာများ မှာပြီးလေတော့ လူနာအဘွားလက်အားကိုင်ကာ

"အဘွား အလေးအပင်တွေ မလို့ မရသေးဘူးနော်၊နေ့တိုင်း ဆေးလာထည့်နော်"
"ဟုတ်ကဲ့ပါ ဆရာဝန်မလေးရယ်၊နောက်နေ့ ဆရာဝန်မလေးတို့ကို ထမင်းစားဖိတ်အုံးမယ်နော်၊မရွံ့တတ်ရင် လာစားကြကွယ်"
"အို ဘယ်နဲ့ရွံ့ရမလဲ၊တစ်ခေတ်တို့ လာခဲ့မယ်နော်"
"ကျေးဇူးပါ ဆရာဝန်မလေးရယ်"

တစ်ခေတ်တို့အဖွဲ့တွေ အသေးစားခွဲစိတ်မှုလေးတွေကိုပဲ ပြုလုပ်လို့ရပြီး ကြီးကြီးမားမားဆိုရင်တော့ မြို့သို့သွားရန် လမ်းညွှန်ပေးရလေသည်။
ဒီနေ့တော့ ဖျားနာမှုတို့လောက်ပဲ ကုသရသည့် အတွက် တစ်ခေတ်ကို စောစော အနားယူစေကြသည်။

တစ်ခေတ် တစ်ကိုယ်ရေ သန့်ရှင်းမှု ပြုလုပ်ပြီးလေတော့ ညနေစာစောစော စားကြသည့် ဓလေ့ကြောင့်
ညနေဆို ၆နာရီဆို စားပြီးကြလေပြီ။
တစ်ခေတ် ဘုရားရှိခိုးပြီးလို့ ရွာရှိ လူကြီးများနှင့် စကားဝိုင်းတွင် ထိုင်ကာ ပြောဆိုနေပေမဲ့ တစ်ခေတ်အိမ်က ဖုန်းကို မျှော်နေမိသည်။ တစ်ခေတ် ဒီရောက်တာ တစ်ပတ်ပင်ပြည့်နေပြီ။ မောင့်ဆီ ဖုန်းဆက်ပေမဲ့ မောင်က မကိုင်ပေ။တစ်ခေတ်ကို ဖုန်းလည်းမခေါ်ပေ။

ပဲခူးအနောက်ခြမ်း ကင်မွန်းချုံရွာဆိုပေမဲ့လမ်းပန်းဆက်သွယ်ရေး ကောင်းသလို တောသူဌေးများလည်း ရှိပေသည်။
တစ်ခေတ်တို့နေထိုင်ရာ အိမ်သည် ကျယ်ဝန်းလှသလို တိုက်ခံအိမ်ပင်။ရွာရှိ တော်သင့်လှသော အိမ်များကို လူဦးရေတွက်ကာ တစ်ခေတ်တို့အဖွဲ့ကို နေထိုင်စေခဲ့သည်။

"ဦးဘကောင်း ....ဦးဘကောင်းရေ"
"ဟေ ငါ့တူ ဖြိုးချစ် ဘာတုန်းဟ"
"ဦးဘကောင်းတို့အိမ်မှာ တည်းတဲ့ ‌ဆရာဝန်မဆီ သူ့အမျိုးတွေ လိုက်လာတယ် လာပြောတာ"
"ဟေ ဟုတ်လား ခေါ်ခဲ့လေ"

နှောင်ကြိုးလေး တစ်မျှင်Where stories live. Discover now