အခန်း (၁၃)

187 3 0
                                    

အခန်း (၁၃)
"အဟင့် ဟင့် မောင်"
"မောင်ရှိတယ်လေ တစ်ခေတ်ရဲ့ အိပ်"
ညနေအထိ ပါဆယ်ပုံးကို ကြည့်ပြီးကတည်းက သူ့ရင်ခွင်မှာ ရှိုက်ကြီးတစ်ငင် ငိုကြွေးလွန်းလို့ သူ့မှာ မနဲချော့ကာ သိပ်ထားရသည်။

အခုလည်း ည၏အမှောင်သည် ကြီးစိုးကာ တိတ်ဆိတ်နေသော်လည်း တစ်ချက်တစ်ချက် ရှိုက်ကာ ငိုပြီး သူ့ကိုခေါ်နေတဲ့ တစ်ခေတ်ရဲ့အသံသည် ထွက်ပေါ်လို့ လာလေသည်သာ။
ဆက်မှာ  လက်မောင်းလေးတွေ ပါးလေးတွေ ဖွဖွထိတွေ့ကာ ဖက်ထားပြီး သိပ်နေရ၍ မျက်လုံးလဲ ကြောင်နေရပြီ။

"မောင့်ကို မလုပ်ပါနဲ့ အဟင့် ဟင့်"
"တစ်ခေတ် ...တစ်ခေတ်၊မောင့်အသဲ"
"ဟင်.."

ယောင်နေတဲ့တစ်ခေတ် ကိုယ်လေးကိုလှုပ်ကာ ဆက်နိုးလိုက်ရ၏။
"မောင်ရှိတယ်လေ တစ်ခေတ်ရယ်"
"မောင်"

ဘေးတစ်စောင်း လက်ထောက်ထားသော ဆက်၏လည်ပင်းအား ဖက်ကာ ခေါ်လိုက်သော တစ်ခေတ်။

"အိပ်လေ တစ်ခေတ်ရယ်"
"တစ်ခေတ် အိပ်မက်ဆိုးတွေ မက်တယ်မောင်"
"တစ်ခေတ် စိတ်စွဲနေလို့ပါ၊ ဘာမှ မတွေးပဲ အိပ်နော် မောင်တစ်ခေတ်ဘေးမှာ ရှိတယ် ၊သမီးလေး ကျန်းမာဖို့ တစ်ခေတ်အားရှိနေရမယ်လေ၊မောင်
ပဠာန်းဖွင့်ပေးမယ် တရားနာပြီး အိပ်"
"အင်း မောင်၊တစ်ခေတ်ကြောင့် မောင်အိပ်ရေးပျက်နေပြီ"
"ရွှတ် မောင့်အသဲ အိပ်ရေးမပျက်ဖို့ လိုတယ်၊မျက်လုံးမှိတ် အိပ်တော့"
တစ်ခေတ် ခေါင်းဦးထက်သေချာ ချသိပ်ပြီး ဆက်
ပဠာန်းတရားအား ဖွင့်ပေးလိုက်လေသည်။ တစ်ခေတ်ကိုသာ ဘာမှ မတွေးနဲ့လို့ ပြောပေမဲ့ ဆက်သည်လည်း ပါဆယ်ပုံးအကြောင်း တွေးမိလေသည်။

ဆက်တို့အနား တဝဲလိုလို လုပ်နေတဲ့ ထွဋ်ဝဏ္ဏဟာ တစ်ခေတ်ကို လာတွေ့ပြီးတဲ့နေ့ကတည်းက စ၍ငြိမ်သက်သွားတဲ့ ကန်ရေပြင်လို ‌ပျောက်ကွယ်သွားခဲ့တာ အခုဆို ၆လတင်းတင်း ပြည့်လို့နေပြီကို ဘာကြောင့်အခုမှ တစ်စခန်းထလာရတာလဲ။
!!!မင်းသာ တစ်ခေတ်ကို တန်ဖိုးထားပြီး ချစ်ပေးခဲ့ရင် တစ်ခေတ်ဆိုတာ ငါ့ဇနီးဖြစ်လာမှာ မဟုတ်ဘူး၊ကိုယ့်အပြစ်မမြင်ပဲ ဘာကြောင့် တစ်ပါးသူတွေကို စိတ်ဒုက္ခပေးချင်ရတာလဲ၊ဆရာဝန်တစ်ယောက်လုပ်နေပြီ အဲ့လောက်ပဲ ယုတ်ညံ့ရလား!!!
တော်တော် ညဉ့်နက်ရောက်ချိန်မှ နှစ်နှစ်ရှိုက်ရှိုက်အိပ်မောကျသွားတဲ့ တစ်ခေတ်ကို ကြည့်ပြီး တရားအားပိတ်၍ ဆက်လည်း အိပ်စက်လိုက်ရလေသည်။

နှောင်ကြိုးလေး တစ်မျှင်Where stories live. Discover now