အခန်း (၃)
"ဆက် သွားမယ်လေ"
"အင်း"
တစ်ခေတ် ချစ်သူရနေပြီဆိုတာ သိချိန်ကစကာ အိမ်တွင်းပုန်းနေတဲ့ ဆက်က တစ်ခေတ်ကျောင်းကို သွားရန် ဖုန်းဆက်ချိန်းဆို၍ သက်နောင်တို့နှစ်ယောက် ဆက်ကိုလာခေါ်ခြင်းပင်။"မာမီ သားအပြင်သွားအုံးမယ်"
"သားရယ် ရေမိုးချိုးပြီး သပ်သပ်ရပ်ရပ်သွားပါ"
"ဟုတ်သားပဲ မင်းကလဲ ၊သွား ငါတို့စောင့်နေမယ်"မာမီနဲ့ သူငယ်ချင်းတွေ အပြောကြောင့် ဆက်အပေါ်ပြန်တက်ကာ တစ်ကိုယ်ရေသန့်ရှင်းရပြန်ပြီ။ ပြောလဲ ပြောချင်စရာ သပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်သူ ဆက်သည် အခုတော့ ပရိုပရဲဖြစ်လို့နေ၏။
"ဘယ်လို ဖြစ်နေတာလဲ ၊သားတို့သိလား"
ဆက်မာမီ အမေးကို သက်နောင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ
"စည်သူ မင်းပြောပြလိုက်"
"အန်တီ ဆက်က အသည်းကွဲနေတာ"
"ဟင်""ဟုတ်တယ် အန်တီ ၊တစ်ခေတ်ကို ချစ်နေတာ၊ဟိုက ပြန်မချစ်လို့ ၊လိုက်တောင်းပေးလိုက်ပါ အန်တီရာ"
"ဟေ့ကောင် စည်သူ""ဖြစ်ရမယ် ၊ချစ်စရာလား သူ့ပုံစံလဲ ကြည့်အုံး ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့"
အန်တီတို့၏ အရှိန်အဝါဖြင့် တစ်ခေတ်ကို တောင်းရမ်းနိုင်အောင် သူငယ်ချင်းနှစ်ယောက် ပိုပိုသာသာလေး ပြောဆိုပေးမိလိုက်သည် ။ချွင်းချက်အနေဖြင့် တစ်ခေတ်မှာ ချစ်သူရှိတာကိုတော့ မပြောတော့ပေ။တစ်နာရီ ကြာပြီးချိန်မှ ဆက်အပေါ်တက်မှ ဆင်းလာပြီး သူ့တို့သုံးယောက် ဆက်၏ကားနှင့်ပဲ
တစ်ခေတ်ဆေးကျောင်းသို့ ခရီးဆက်ကြလေသည်။ဆေးကျောင်းထဲအထိ ကားမောင်းပြီး ဝင်လာခဲ့လေသည်။ကားရပ်ပြီးလေမှ တစ်ခေတ်ဆီ ဖုန်းဆက်၍ သူရောက်ကြောင်း ပြောပြလိုက်လေသည် ။
အခုထိ မျက်နှာမသာမယာဖြစ်နေသော ဆက်ကိုကြည့်ကာ"ဆက် အဲ့လောက် ရုပ်ပျက်မနေနဲ့ အောက်တယ်၊သူ့ဘဲကြီးရှေ့ မင်းကအဲ့လို ကြွေကွဲနေရင် ဟိုဘဲက အားရနေတော့မယ်"
"အေးပါကွာ နားညည်းလိုက်တာ"ကားပေါ်ကထဲက လက်ပိုက်မှေးစက်ကာ အသည်းကွဲနေတဲ့ ဆက်ကို စည်သူတို့ သတိပေးလိုက်မိသည် ။