Ch-81 သူ့အတွက် ငါအသက်ရှင်မယ်။သူ့အတွက် ငါသေဆုံးမယ်။
ဒါရိုက်တာရွေ့သည်သူနှင့်မျက်နှာချင်းဆိုင်ရန် မိမိေခါင်းကိုေစာင်းလိုက်ပြီး မေးေစ့အားပင့်လိုက်သည်။
မိမိမှကြောက်ပြလေလေ မိမိအနေအထားမှာဆိုးကျိုးများလေလေဖြစ်မှန်း မိမိသိထားပါသည်။သို့ေသာ်ငြားမိမိခြေထောက်များမှာ ကူကယ်ရာမဲ့စွာတုန်ယင်နေပြီး မိမိနှုတ်ခမ်းများမှာခြောက်သွေ့လာသည်။မိမိအလိုရှိခဲ့လျှင်တောင်မှ ထိုအရာအားဖုံးကွယ်ထား၍မရခဲ့ပေ။
ဒါရိုက်တာရွေ့သည် သူ၏ခေါင်းအားဖြည်းဖြည်းချင်းငုံ့ချလာသည်။သူသည်မိမိတို့ကြားရှိအကွာအဝေးအားလျှော့ချလိုက်ပြီး သူ၏အသက်ရှူသံမှာလည်း မိမိနှင့်နီးကပ်လာသည်။
*ဖြောင်း*
အချိန်မှာရပ်တန့်သွားပုံရသည်။
တစ်နည်းနည်းဖြင့်မိမိသည်ဒါရိုက်တာရွေ့၏မျက်နှာအား တစ်ကယ်ကြီးဖြတ်ရိုက်ရန် သတ္တိလုံလုံလောက်လောက်ရှိလာခဲ့သည်။
ရိုက်ချက်သည်သူ့အားလည်းအံ့အားသင့်သွားစေသည်။
သူမှအံ့အားသင့်နေစဉ်တွင် မိမိမှာခေါင်းငုံ့ပြီးပြေးတော့သည်။
သို့သော်မိမိဥယျာဉ်ထဲမှထွက်မသွားနိုင်သေးခင်တွင် ရုတ်ချည်းအနက်ရောင်ဝတ်လူနှစ်ယောက်မှာ ခြုံပုတ်တစ်ခုမှခုန်ထွက်လာကြပြီး မိမိလမ်းအားပိတ်ထားခဲ့သည်။
"မင်းကဘယ်သွားဖို့တွေးနေတာလဲ"
ဒါရိုက်တာရွေ့သည်သူ၏မျက်နှာအားကိုင်ထားရင်း မိမိထံရက်စက်ကြမ်းကြုတ်စွာလျှောက်လာခဲ့သည်။
ကောင်းရော။ဒီတစ်ခါတော့ သူတစ်ကယ်ဒေါသထွက်သွားပြီ...
"သူမကိုခေါ်သွား"
သူသည်အနက်ဝတ်လူနှစ်ဦးအားအမိန့်ပေးခဲ့သည်။ထိုသည်မှာမိမိသတိမလစ်ခင်နောက်ဆုံးကြားခဲ့ရသည့်စာကြောင်းဖြစ်သည်။
- - - - - - - -
ငါ့အောက်မှာရှိနေတဲ့ဟာကဘာဖြစ်ဖြစ် နူးညံ့နေတာပဲ။ငါသေသွားပြီလား။ငါကောင်းကင်ဘုံမှာလား။
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်
HorrorEP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချ...