Ch-121

105 8 0
                                    

Ch-121  လက်တွေ့စမ်းသပ်မှု

  မိမိမှာစိတ်လှုပ်ရှားမှုတစ်ဝက် စပ်စုချင်စိတ်တစ်ဝက်ဖြင့် မျက်လုံးများအားဖွင့်ကာ မှန်ထဲကိုကြည့်လိုက်သည်။

  အဲ့ဒါတစ်ကယ်ကြီးငါလား။

  မိမိမှာ မိမိ၏အရေပြားကိုငေးကြည့်လိုက်သည်။မိမိမျက်လုံးများမှာ မက်မွန်ပွင့်များအလား၊နီရဲရဲနှုတ်ခမ်းလွှာများနှင့် ဖြူဖွေးသောသွားများ။မိမိ၏ရုပ်သွင်မှာ ပြောမပြနိုင်လောက်အောင်နှစ်လိုဖွယ်ကောင်းနေသည်။လူများမှာ မိတ်ကပ်ဆရာများသည် သာလွန်သောလက်မှုပညာရှင်ဟု မကြာခဏသမုတ်ခဲ့ကြသည်။ယနေ့တွင်တော့ မိမိမှာထိုသည်ကိုယုံသွားလေပြီ။ဤသည်မှာပလက်စတစ်ဆာဂျရီဖြင့်ပင်နှိုင်းယှဉ်လို့ရသည်။

  "ကာစတန်မာရှင့် အပြင်မှာတစ်ယောက်ယောက်က ရှင့်ကိုရှာနေပါတယ်"

  အလုပ်သမားလေးကမိမိအားအသိပေးရန်ဝင်လာခဲ့သည်။

  မိမိမှာစုယန်အားမိမိ၏သွင်ပြင်အားပြရန်ထဖို့လုပ်လိုက်စဉ် မိတ်ကပ်ဆရာကမိမိအားတားလာခဲ့သည်။သူကပြုံးပြလိုက်ပြီးမေးလာသည်။

  "မင်းရဲ့ကောင်လေးကိုမင်းစပရိုက်လုပ်ချင်လား"

  "ရှင်ဘာကိုဆိုလိုတာလဲ"

  "ကျွန်တော့်နောက်လိုက်ခဲ့"

  မိတ်ကပ်ဆရာကလိုက်ကာတစ်ခုနောက်ရှိ‌တစ်နေရာဆီ မိမိအားတိတ်တိတ်လေးခေါ်လာခဲ့သည်။သူကပြောလိုက်သည်။

  "မင်းကဒီမှာလှလှပပလေးထိုင်နေရုံပဲ။ခဏနေရင်ကျွန်တော်ကမင်းအတွက် သီချင်းဖွင့်ပေးပြီး မင်းကောင်လေးကိုစပရိုက်လုပ်ဖို့ ကန့်လန့်ကာကပြုတ်ကျလာလိမ့်မယ်"

  မိမိမှာသူ၏အကြံအား သဘောကျသွား၍ မိမိသည်သူ့စကားအားလေးလေးစားစားနားထောင်ကာ ကန့်လန့်ကာနောက်တွင်ကျန်နေခဲ့သည်။မိမိသည်ကိုယ်အားလျှောက်ရွှေ့ကာ မိမိအလှအားအပေါ်လွင်ဆုံးဖြစ်မည့် ကိုယ်ဟန်ကိုဖော်ထုတ်ရန်ကြိုးစားလိုက်သည်။

  ရုတ်ချည်း နောက်ခံအနေဖြင့်ထူးဆန်းသော်လည်း ထိမိစေမည့်သံစဉ်တစ်ခုတီးခတ်လာသည်။မိမိ၏စိတ်အခြေအနေအား အကြောင်းအရာနှင့်ချက်ချင်းချိန်ညှိကာ မသိစိတ်အရမိမိ၏ဇာတ်ကောင်အားသရုပ်ဆောင်လိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Dove le storie prendono vita. Scoprilo ora