Ch-110

266 11 2
                                    

   ‌အာဇာနည်နေ့ထူးမှာ အိမ်မှာပဲရှိနေကြမယ့်ကလေးတွေအတွက်ဖတ်စရာလေး လာပေးတာပါရှင့်။

  ဒါနဲ့ဂရုဝင်ချင်ကြတဲ့ကလေးတွေရှိရင် ဒီလအတွင်းပဲဝင်လို့ရတော့မယ်နော်။ဝင်ကြေးလေးက 500ကျပ်တည်းပါရှင့်။အပိုင်းသိပ်မကျန်တော့တာမလို့ ဒီလကုန်တာနဲ့ဂရုပိတ်တော့မှာပါရှင့်။

  Ch-110  ကောင်းကျားလန်၏အထက်တန်းကျောင်းရှုထောင့်(P-2)

  ကောင်းကျားလန်သည်သူမ၏ဘဝနှင့်ဝမ်ရိဟန်၏ဘဝမှာ အရမ်းရောယှက်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။သာမန်ကျသောနေ့တစ်နေ့၌ သူမလမ်းပတ်လျှောက်နေစဉ် ဝမ်ရိဟန်အားလူမိုက်များလိုက်ဖမ်းနေသည်ကို မျက်မြင်တွေ့ခဲ့ရသည်။

  "ဘာမှမပြောနဲ့"
 
  ဝမ်ရိဟန်မှာ‌ေပြးရင်း ကောင်းကျားလန်ကိုအော်‌ေပြာလိုက်ကာ သတ္တုပုံးတစ်ခုထဲဝင်ပုန်းလိုက်သည်။သူသည်အလျင်လိုနေသောကြောင့် သူမအားလုံးဝမမှတ်မိခဲ့ပေ။သူလုပ်ခဲ့သမျှအားလုံးမှာ သူမအားပြင်းပြင်းထန်ထန်သတိပေးခြင်းသာဖြစ်သည်။

  ငါးစက္ကန့်အတွင်း လူမိုက်အုပ်စုကအမြန်ပြေးချလာသည်။သူတို့သည်ကောင်းကျားလန်အားချက်ချင်းသတိပြုမိလိုက်ကာ မှုန်ကုပ်ကုပ်ဖြင့်မေးလိုက်သည်။

  "ဒီကနေပြေးသွားတဲ့ကောင်လေးတစ်ယောက်ကိုမင်းမြင်လိုက်လား"

  "အင်း"

  ကောင်းကျားလန်ကတုံ့ပြန်လိုက်သည်။

  ကောင်းကျားလန်၏တုံ့ပြန်မှုသည် ဝမ်ရိဟန်အားစိုးရိမ်မှုအများအပြားဖြစ်သွားစေခဲ့သည်။ဒီမိန်းမကတော့...

  "အချစ်လေး အဲ့ကောင်လေးကလူဆိုးတစ်ယောက်လေ။သူဘယ်ကိုပြေးသွာတယ်ဆိုတာငါ့ကိုမင်းပြောပြမလား"

  "သူ..."

  ကောင်းကျားလန်သည်ကြုံရာဘက်ဆီလက်ညှိုးထိုးပြကာ စိတ်ပါလက်ပါတုံ့ပြန်လိုက်သည်။

  "သူကအဲ့လမ်းဘက်ပြေးသွားတာ။သူကမီးနီကိုတောင်ဖြတ်‌ေပြးသွားတာ"

  "ကျေးဇူးပဲ"

  လူမိုက်များသည် ကောင်းကျားလန်လက်ညှိုးထိုးပြသည့်ဘက်ဆီပြေးလိုက်သွားကြပြီး သူတို့၏ရှာဖွေမှုကိုဆက်လိုက်ကြသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now