Ch-134

41 4 0
                                    

Ch-134  လင်းယိရှင်းအားပြန်ပေးဆွဲခြင်း

  မိမိသည်တိုက်ခန်းဘက်ပြန်လှည့်ကာ အဘွားမုန့်နှင့်မျက်နှာချင်းဆိုင်လိုက်ပြန်သည်။

  "ဝိညာဉ်ပြောင်းဖို့အတွက် ကျွန်မတို့တွေပြင်ဆင်စရာတစ်ခုခုလိုသေးလား"

  အဘွားမုန့်ကပုခုံးတွန့်လိုက်သည်။

  "မလို‌တော့ဘူး"

  "အဲ့ဒါကလွယ်ကူတဲ့တာဝန်တစ်ခုလိုမျိုး ရှင်ကဘယ်လိုလုပ်ပြီးအသံထွက်နေရတာလဲ။တအားရှုပ်ထွေးမယ့်ပုံပဲကို"

  "ရှုပ်ထွေးတယ်?အဲ့ဒါကမရှုပ်ထွေးပါဘူး။နင်ကဝိညာဉ်နှစ်ခုကိုထုတ်ပြီးလဲလိုက်ရုံပဲလေ။ဘာခက်လို့လဲ"

  အဘွားမုန့်၏ဤစကားအားကြားသော် ငါဝန်ခံပါတယ် ငါကအမှိုက်ပါပဲ....သူမကလှည့်ကွက်ပေါင်းစုံကိုသိထားတာပဲ။အန်းစွန်းကတစ်ယောက်ယောက်ရဲ့ကိုယ်ထဲဝင်နိုင်တယ်။ရှလင်းကအခြားသရဲတွေနဲ့ဆက်သွယ်နိုင်တယ်...အခြေခံအားဖြင့် သဘာဝလွန်စွမ်းအားရှိကြသည့်လူတိုင်းမှာ မိမိထက်စွမ်းအားကြီးကြလေသည်။ဒါကကိုယ့်ဘာသာတစ်ချို့တစ်လေပြန်ကြည့်ရမယ့်အချိန်ပဲ။

  တစ်နာရီကြာပြီးသည့်တိုင် ရှကျီမှာပြန်မလာသေးပေ။သို့သော်ရှလင်းကမိမိအားဖုန်းခေါ်လာသည်။

  "ငါကနင့်ကိုကူညီဖို့ ငါ့အစ်ကိုကိုဘယ်လိုတောင်ဆွဲဆောင်လိုက်တာလဲဟင်"

  ရှလင်းအသံမှာ စိတ်ပျက်နေသံရှိသည်။

  "ငါ့မှာနင်နဲ့ဆွေးနွေးဖို့အရေးကြီးတာတစ်ခုတစ်ကယ်ရှိနေတယ်လို့ ငါသူ့ကိုပြောလိုက်တာလေ။ရှကျီကနင့်ကိုရှာနိုင်မယ်မှန်းငါသိတယ်"

  "နင်ကဘာအကူအညီလိုလို့လဲ။အန်းစွန်းကိုလည်းရဲတွေကဖမ်းသွားပြီလေ"

  "ဒါပေမယ့် ရဲတွေခေါ်သွားတာကအန်းစွန်းမှမဟုတ်တာ။လင်းယိရှင်းလေ။ငါ့ကိုယ်ကိုငါပြန်ယူချင်တယ်။ငါ့ကိုကူပါဦး"

  "ဝိညာဉ်တွေကိုဘယ်လိုလဲရမယ်ဆိုတာငါမသိဘူးလို့နင့်ကိုပြောပြီးပြီလေ။အဲ့ဒါကငါ့အတွက်တအားအဆင့်မြှင့်လွန်းတယ်။ငါနင့်ကိုမကူနိုင်ဘူး"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now