Ch-117

79 5 0
                                    

Ch-117  အားနည်းနေတယ်

  "ရှောက်နျူကသူ့အစ်ကိုအားလပ်ရက်ခရီးထွက်သွားရင် သူမကအရမ်းအထီးကျန်နေမှာလို့ပြောလာတယ်လေ။အဲ့တော့သူမကိုပါ လိုက်မယ့်ထဲထည့်ပေးလိုက်တယ်"

  စုယန်၏ရှင်းပြချက်အားကြားပြီးသော် မိမိသည်ရှန်မောင်နှမထံအကြည့်ထပ်ပို့လိုက်သည်။ဒါကဘယ်လောက်ကောင်းလိုက်တဲ့အကြံပါလိမ့်နော်...

  ရှန်ရှောက်နျူအားကြည့်ရသည်မှာ မိမိအားသတ်ဖြတ်ပစ်ချင်နေသည့်အလားပင်။သူမသည်နှုတ်ခမ်းအားကိုက်ထားပြီး မျက်လုံးများပြူးကျယ်နေသည်။မိမိမှာဆေးရုံတွင်မတော်တဆဖြစ်ပြီးကတည်းမှ သူမအားမတွေ့ရသေးပေ။ရှန်ရှောက်ချင်အဖို့တော့ သူသည်အမူအယာမဲ့စွာစကျင်ကျောက်ကြမ်းပြင်ကိုသာငေးကြည့်နေသည်။ထုံးစံအတိုင်း သူသည်အရက်နာကျနေသေးပုံပင်။

  စုယန်နှင့်မိမိတို့ရောက်ရှိကြောင်းစာရင်းသွင်းပြီးသည်နှင့် မိမိတို့မှာထပ်ဆုံကြပြန်သည်။ထို့အချိန်တွင် ရှန်ရှောက်နျူမှချက်ချင်းအသိပေးလာသည်။

  "ငါတော့ယာဉ်မူးပျောက်ဆေးဝယ်ဖို့မေ့နေခဲ့ပြီ။ငါ့အတွက်သွားဝယ်ပေးပါ့လား ယိရှင်းကျဲ"

  "ငါသွားလိုက်မယ်"

  စုယန်ကဆန္ဒအလျောက်ပြောလာပေမယ့် မိမိမှာသူ့အားတားလိုက်သည်။မိမိသည်သူ့အား ငါသွားလိုက်မယ် ဆိုသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။သူကသူတို့နဲ့နေ နေခဲ့တာပိုကောင်းလိမ့်မယ်။

  စုယန်သာဆေးသွားဝယ်ရင် ငါကရှန်ရှောက်နျူနဲ့ဖြေရှင်းဖို့ကျန်နေခဲ့မှာပဲ။သူမကငြီးတွားပြီး ငါကသူမကိုသစ္စာဖောက်သွားပါတယ်ဆိုပြီး အခိုင်အမာပြောနေဦးမှာပဲ။မိမိမှာသူမ၏စောဒကတက်မှုများအား မကြားချင်တော့သလို သူမမှမိမိအားမည်မျှရွံ့မုန်းနေသည်အားဖော်ပြလာသည်ကိုလည်းမလိုချင်တော့ပေ။အဲ့တော့ သူမကငါ့ကို ကျဲ လို့ခေါ်တုန်း သူမရဲ့တောင်းဆိုမှုကိုငါလိုက်လျောလိုက်သင့်တယ်။

  ယာဉ်မူးပျောက်ဆေးဝယ်ပြီးသည်နှင့် မိမိမှာမက်စ်တပ်ထားသည့်မိန်းမတစ်ဦးနှင့် လုံးဝပစ်တိုက်မိလိုက်သည်။ဆေးကမိမိလက်ထဲမှလွတ်ကျသွားခဲ့သည်။အမျိုးသမီးမှာဘာမှမပြောခဲ့ပဲ ‌လူအုပ်တွင်းပျောက်ကွယ်သွားခဲ့သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Où les histoires vivent. Découvrez maintenant