Ch-113

75 11 0
                                    

Ch-113 နောက်ဆုံးသတ်မှတ်ရက်

  စုယန်မှာအလွန်စိုးရိမ်နေပြီး မိမိမျက်နှာထက်မှအပြုံးသည်လည်းပျောက်ကွယ်သွားခဲ့သည်။

  "ဝမ်ရိဟန်ကမင်းတို့တွေကိုလွယ်လွယ်လေးသွားခွင့်ပြုလိုက်တယ်ဆိုတာကို ငါမယုံဘူး။မင်းတို့တွေဘာအကြောင်းပြောခဲ့ကြတာလဲ"

  ထို့နောက်စုယန်သည်မိမိမျက်နှာအားပင့်လိုက်သည်။သူသည်မိမိအားသူ့မျက်လုံးများထံမှဖယ်ခွာခွင့်မပြုခဲ့ပေ။

  "မင်းငါ့ဆီကနေကိစ္စတွေကိုဖုံးကွယ်မထားရဲပါဘူး"

  မိမိလက်အားစုယန်လက်ပေါ်တင်လိုက်ပြီး စိုးရိမ်တကြီးတုံ့ပြန်လိုက်သည်။

  "ကျွန်မရှင့်ကိုအကုန်ပြောပြပါ့မယ်။ဒါပေမယ့်ကျွန်မတို့အပေါ်မှာပြောလို့ရမလား"

  ထို့နောက်မိမိသည်တုန်တုန်ယင်ယင်ဖြင့် ကြုံရာကျပန်းနေရာများဆီလက်ညှိုးထိုးပြလိုက်သည်။မိမိမှာအသံအားတုန်ယင်နေအောင်လုပ်လိုက်သည်။

  "အဲ့မှာ...."

  မိမိမှပြောလို့မပြီးသေးခင်တွင် စုယန်သည်တိုက်ခန်းထဲသို့မြှားတစ်စင်းအလားပြန်ပြေးတော့သည်။မိမိတုံ့ပြန်နိုင်ချိန်တွင်တော့ သူသည်ဓာတ်လှေကားရှေ့ရပ်နေကာ မိမိထံလက်ယမ်းပြနေပြီဖြစ်သည်။

  "မင်းဘာလို့အဲ့မှာဆက်ရပ်နေတာလဲ"

  မိမိသည် မိမိအနားရှိဘာမှရှိမနေသည်ကိုငေးကြည့်လိုက်သည်။စုယန်ကိုအရူးလုပ်ဖို့ကအရမ်းလွယ်တာပဲ။သူကကြက်ပေါက်လေးတစ်ကောင်ပေမယ့် သူ့မှာသရဲတွေကိုမြင်ရတဲ့ကောင်မလေးတစ်ယောက်ရှိနေတယ်လေ....

  မည်သို့ပင်ဆိုစေကာမူ ကောင်းကျားလန်ကြောင့် မိမိတို့မှာသရဲမြင်နိုင်သည့်မိမိစွမ်းရည်အကြောင်းမိမိတို့စကားဝိုင်းကို ဆက်ပြောမလာခဲ့ကြတော့ပေ။

  မိမိတို့တိုက်ခန်းဆီပြန်ရောက်သောအခါ မိမိသည်ဝမ်ရိဟန်မှမိမိအားပြောခဲ့သမျှကို စုယန်ထံပြန်ပြောပြခဲ့သည်။သူသည်ထိတ်လန့်ခြင်းတစ်ဝက် စိုးရိမ်ခြင်းတစ်ဝက်ဖြစ်နေသည်။အချိန်အတော်ကြာစဉ်းစားပြီးသည်အထိ ဘာလုပ်ရမည်ကိုသူလည်းမသိခဲ့ပေ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Donde viven las historias. Descúbrelo ahora