Ch-107

99 8 0
                                    

Ch-107  လျှို့ဝှက်စစ်ဆင်ရေး

  "ဒါဆိုလည်း ဘာလုပ်ရမယ်ဆိုတာကိုပြောလေ။ကောင်းကျားလန်နဲ့သူ့ကလေးသာအန္တရာယ်ရှိခဲ့ရင် ကျွန်မတို့ကအပြစ်သားတွေဖြစ်လိမ့်မယ်"

  စုယန်သည်ဝင်ပေါက်တံခါးမကြီးအားပိတ်ကာ မိမိအားအိပ်ခန်းထဲခေါ်သွားသည်။ထို့နောက်သူသည်အိပ်ခန်းတံခါးကိုလည်း ပိတ်လိုက်သည်။သူသည်တိုးတိုးတိတ်တိတ်ပြောလိုက်သည်။

  "တိုးတိုးပြောလေ။ထုံးစံအတိုင်းဆို ဝမ်ရိဟန်ကငါတို့ကိုခဏလောက်‌ေစာင့်ကြည့်ဖို့ လူတွေထား ထားမှာပဲ။နံရံတွေနောက်မှာနားတွေရှိတယ်။

  မိမိမှာချမ်းသာမှု၏စွမ်းအားထံမှ လုံးဝရှုံးနိမ့်သွားသည်ဟုခံစားခဲ့ရသည်။မိမိမှာအလွန်စိတ်ဖိစီးပြီးပင်ပန်းသွားခဲ့သည်။မိမိသည်စုယန်၏ကော်လံအားတင်းတင်းဆွဲလိုက်သည်။

  "ဒါဆိုကျွန်မတို့ဘာလုပ်သင့်လဲ။စုယန် ကျွန်မကိုပြောပါ။ဖြေရှင်းနည်းတစ်ခုပေးဦး"

  "ပထမဆုံး‌ေရှာက်ချင်ကိုဖုန်းခေါ်ရအောင်"

  စုယန်သည်သူ့ဖုန်းအားထုတ်လိုက်သည်။

  "ကျွန်မတို့ကဘာလို့ရှန်ရှောက်ချင်ကို ဖုန်းခေါ်ရမှာလဲ"

  "ဝမ်ရိဟန်ကဒီလောက်မြန်မြန်ကြီးတော့ တစ်ကွက်မှရွေ့မှာမဟုတ်လောက်သေးဘူး။သူကကောင်းကျားလန်ကို သူ့အိမ်ခေါ်သွားမှာတော့မဟုတ်ဘူး။ထင်ထားသလောက်တော့ သူကသူမကိုတစ်နေရာမှာဖုံးကွယ်ထားမှာပဲ။ဝမ်ရိဟန်ကသူမကိုဓားစာခံအနေနဲ့ထိန်းသိမ်းထားနိုင်မယ့်နေရာကို ရှန်ရှောက်ချင်ကရှာဖွေနိုင်လိမ့်မယ်"

  "ရှန်ရှောက်ချင်မှာအဲ့လိုစွမ်းရည်မျိုးရှိတယ်ပေါ့လေ။သူအဲ့လောက်အသုံးဝင်မယ်မှန်းကျွန်မမသိခဲ့ဘူး..."

  "သူ့မှာကအဆက်အသွယ်ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်လေ။ပုံမှန်ဆိုငါကသူ့ကိုစုံစမ်းရေးအလုပ် လုပ်ခိုင်းတာလေ"

  "ကျွန်မတို့ကသူတို့နေရာကိုဖော်ထုတ်ပြီးရင် ဘာဆက်လုပ်မှာလဲ"

  "ပြီးရင်ငါတို့ကသူမကိုသွားကယ်မှာပေါ့ ဒါတောင်မသိဘူးလား"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now