ᡣ𐭩 •。ꪆৎ ˚⋅

209 48 3
                                    

"ထပ်တွေ့ရပြန်ပြီပဲ ဝီလီယမ်"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ထပ်တွေ့ရပြန်ပြီပဲ ဝီလီယမ်"

ခပ်ပြုံးပြုံးဆိုလာတဲ့လူကိုကြည့်ရင်း
ဝီလီယမ်မှာခြေလှမ်းတွေကိုရှေ့ပဲတိုးရမလား၊နောက်ပဲဆုတ်ရမလားဝေခွဲမရဖြစ်သွားသည်။မနေ့ကမှအမှတ်တမဲ့တစ်ကြိမ်ဆုံဖူးတာကိုနှစ်ရှည်လများရင်းနှီးလာသလိုနှုတ်ဆက်နေတာကတော့မဟုတ်သေးပါဘူး။

ဝီလီယမ်သူ့ရဲ့မျက်လုံးတွေကိုမှေးကျဉ်းကာကကြည့်သည့်တိုင်တစ်ဖက်လူကခပ်ပြုံးပြုံးပင်။‌ဒီနေ့တော့စွန်လာလွှတ်တဲ့ပုံမပေါ်ပါဘူး ဒါပေမဲ့အဲဒီလူလက်ထဲမှာကိုင်ထားတဲ့ရှေးဟောင်းစာအုပ်ပုံစံခပ်ထူထူစာအုပ်က
ဝီလီယမ့်အာရုံကိုဖမ်းယူသွားတယ်။

"ဒါကဒီအတိုင်း ဆေးဖက်ဝင်အပင်တွေအကြောင်းရေးထားတဲ့စာအုပ်ပါ ဝီလီယမ်ဖတ်ကြည့်ချင်လား"

သူစိုက်ကြည့်နေတာကိုသတိထားမိသွားလို့တော့မသိ။စာအုပ်ကိုထောင်ပြကာပြောလာတော့ဝီလီယမ်အသာပဲခေါင်းခါပြမိတယ်။
သူထပ်ပြီးဒီမက်ဂယ်နဲ့စကားပြောမိလို့မဖြစ်ပါဘူး။

ဝီလီယမ်စကားထပ်မပြောတော့ဘဲသစ်ရွက်ခြောက်တွေကိုနင်းကာအိမ်ဘက်ဆီကိုပြန်ဖို့သာလုပ်မိတယ်။

"ပြန်တော့မလို့လား ကိုယ်ကရွာထဲမှာတစ်ယောက်တည်းပျင်းလို့ဝီလီယမ်နဲ့ဆိုအဖော်ရမလားလို့လာတာကို"

ဝီလီယမ်ရဲ့မျက်ခုံးတို့ကစုကြုံ့သွားတယ်။
ရွာထဲမှာနေတဲ့လူကသူ့လိုရွာပြင်တောစပ်ချောင်ကျကျနေရာကလူထပ်ပဲအထီးကျန်နိုင်ပါ့မလား။အဲ့ဒါအပြင် မက်ဂယ်ကလေ။
ဒီဂျေးဆိုတဲ့မက်ဂယ်ကတော်တော်ထူးဆန်းတာပဲလို့ဝီလီယမ်ကောက်ချက်ချလိုက်တယ်။

"တကယ် သွားတော့မလို့လား"

စကားတွေထပ်မပြောအောင်ပြန်လှည့်ပါတယ်ဆိုမှအနောက်ကလိုက်လာတဲ့ဂျေးဆိုတဲ့မက်ဂယ်ကို အသံတိတ်ကျိန်စာ ဒါမှမဟုတ် အတိတ်မေ့ကျိန်စာသုံးလိုက်ရမလားလို့
ဝီလီယမ်တွေးမိသွားတယ်။

It Ain't Fascinating /SUNJAYWhere stories live. Discover now