![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. IT AIN'T FASCINATING
အလင်းရောင်တွေ။
အဖြူရောင်အလင်းတန်းတွေ။
မျက်စိကျိန်းစေလောက်တဲ့ပမာဏရှိတဲ့အလင်းတန်းတွေကသူ့ဘေးနားကနေဖြတ်သန်းနေကြသည်။"ဝီလီယမ် ကလေး"
"ဝီလီယမ်"
သူ့နာမည်ကိုခေါ်နေသံကြားတာမလို့အသံလာရာကိုသူကြည့်ဖို့ကြိုးစားပေမဲ့ အလင်းတန်းတွေကိုပဲသူမြင်ရတယ်။
ပြီးတော့အလင်းတန်းတွေအပြင်အေးစက်တဲ့အငွေ့အသက်ကိုပါသူခံစားရသည်။"ဝီလီယမ်"
သူ ဘယ်ညာခေါင်းယိမ်းကာလမ်းပျောက်နေတုန်းလက်မောင်းနားဆီကရုတ်တရက်နွေးထွေးသွားပြီး အလင်းတန်းတွေကတဖြည်းဖြည်းလျော့နည်းသွားသည်။
မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်းခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်တော့ သူနဲ့ရင်းနှီးနေတဲ့ခပ်ညိုညိုမျက်နှာကြက်ကိုမြင်လိုက်ရသည်။
အလို သူအခုရောက်နေတာက။
"ဝီလီယမ် သားလေး"
ကြားလိုက်ရတဲ့ခေါ်သံချိုချိုသာသာကြောင့်
ဝီလီယမ်မျက်ရည်တွေဝဲလာတယ်။"မေမေ"
သူရဲ့အသံကအားလျော့စွာထွက်သွားတယ်ဆိုပေမဲ့ ပျော်ရွှင်မှုကတော့သိသိသာသာကိုကပ်ပါသွားတယ်။
"ဟုတ်တာပေါ့ မေမေ ကလေးအနားပြန်ရောက်ပြီ"
နဖူးပေါ်ကဆံပင်တွေကိုသပ်ပေးလာတဲ့မေမေ့လက်ကိုဝီလီယမ်လှမ်းဆွဲပြီးပါးနဲ့အပ်ထားလိုက်တယ်။မေမေ့ရဲ့အနွေးဓာတ်ကိုသူဘယ်လောက်တောင်လွမ်းခဲ့ရသလဲ။
"ကံသီပေလို့ တော်သေးတာပေါ့ကွယ်"
ဝီလီယမ်ဖြည်းဖြည်းချင်းထထိုင်လိုက်တာနဲ့
မေမေကဝီလီယမ့်ကိုခပ်ဖွဖွဖက်လာသည်။
သူအခုမှသတိထားမိတာ မေမေ့မျက်ဝန်းတွေကမို့အစ်ပြီးနီရဲနေသည်။
![](https://img.wattpad.com/cover/366036254-288-k760396.jpg)