✮⋆˙

116 40 8
                                    

IT AIN'T FASCINATING

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

IT AIN'T FASCINATING

"ဝီလီယမ် ဝီးစလေ"

ဝီလီယမ့်ရဲ့အနားယူချိန်ကခေါ်သံတိုးတိုးကြောင့်ပျက်စီးသွားပေမဲ့ သူခပ်ပြုံးပြုံးပဲပြန်ဖြေလိုက်မိတယ်။

"ဂျေဆင် မယ်လ်ဖွိုင်း?"

"ဟုတ်တယ် မှော်ကြိမ်လုံးရမလာပြီမလို့
စားပွဲပေါ်မှာတင်ထားပေးတယ်"

ဂျေဆင် မယ်လ်ဖွိုင်းရဲ့အပြောအရဝီလီယမ်စားပွဲပေါ်ကိုကြည့်လိုက်တော့တကယ်ကို
မှော်ကြိမ်လုံးတွေအပုံလိုက်ရှိနေတာ။သူအိပ်နေတာကိုဘယ်အချိန်ကလာထားသွားတာလဲ။

"ဘယ်လိုလုပ်လိုက်...."

"ဂါထာတစ်ခုနဲ့စီရင်လိုက်တာပါ လူကိုယ်တိုင်ဝင်လာတာမဟုတ်လို့မလုံမခြုံခံစားချက်မဝင်လဲရပါတယ်"

အဲဒီအခါမှဝီလီယမ်သက်ပြင်းချနိုင်တယ်။
မဟုတ်ရင် သူ့အခန်းထဲဘာတွေများထပ်ရောက်နေမလဲဆိုတဲ့စိတ်နဲ့ဟိုကြည့်ဒီကြည့်ပျာယာခတ်နေမိတာ။

"ပထမဆုံး အညိုရောင်ကောက်ကွေးကွေးပုံစံနဲ့ မှော်ကြိမ်လုံးက ချယ်ရီသားနဲ့နဂါးရဲ့သည်းခြေနဲ့လုပ်ထားတာ ၁၁လက်မရှည်တယ်ကွေးလို့တော့မရဘူး အဲ့ဒါကိုဝှေ့ယမ်းကြည့်ပါ။"

ဝီလီယမ်လဲဂျေဆင်မယ်လ်ဖွိုင်းပြောတဲ့အတိုင်း မှော်ကြိမ်လုံးအပုံထဲကထိပ်ဆုံးမှာ‌ရှိနေတဲ့ အညိုရောင်မှော်ကြိမ်လုံးကိုကောက်ကိုင်လိုက်တယ်။

ဝီလီယမ်ကောက်ကိုင်လိုက်တယ်ဆိုရင်ပဲ အသံအကျယ်ကြီးနဲ့အတူဓာတ်လိုက်သလိုခံစားရတာကြောင့်မြန်မြန်ဆန်ဆန်အောက်ကိုပြန်ချလိုက်တယ်။

"အဆင်မပြေဘူးပဲ ရပါတယ် နောက်
တစ်ချောင်းစမ်းကြည့်တာပေါ့ အဲဒီအထဲမှာ အနက်ရောင်နဲ့အောက်ခြေမှာ ခပ်လုံးလုံးဖြစ်နေတဲ့မှော်ကြိမ်လုံးရှိလိမ့်မယ်
အဲ့ဒါကသစ်မာသားရယ်၊ယူနီကွန်းရဲ့အမွှေး
နဲ့ရယ်လုပ်ထားတာ။ ၁၃လက်မ။ ပျော့ပျောင်းလွယ်တယ်"

It Ain't Fascinating /SUNJAYWhere stories live. Discover now